တောင်ဒဂုံတွင်  အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သေနတ်ဖြင့် ပစ်ခံရ၍သေဆုံး

တောင်ဒဂုံတွင်  အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သေနတ်ဖြင့် ပစ်ခံရ၍သေဆုံး

ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက် သုခမြိုင်လမ်း တွင် နေထိုင်သော အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဝံသပါလ ဥက္ကဋ္ဌ ဖြစ်သူ ဦးတင့်ထွန်း သေနတ်ဖြင့်အပစ်ခံရ၍ ဇူလိုင်လ ၁၄ ရက်ညနေပိုင်းက သေဆုံးသွားကြောင်း ဒေသခံ မျက်မြင်တွေ့ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

" ဒီနေ့ ညနေ ၅နာရီ၀န်းကျင်လောက်ကသူရဲ့အိမ်အပြင်ဘက်မှာပဲ ရင်ဘတ်ကို ၃ ချက်ပစ်ခံရတာ။ သူကမဘသက ဒလန်။ ပျူစောထီးမှာလဲပါတယ်။ အရေးပေါ်ကားနဲ့လာသယ်သွားတယ်"ဟု ၎င်းကပြောသည်။

၎င်းအား အမည်မသိအဖွဲ့မှသေနတ်ဖြင့်လာရောက်ပစ်ခတ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များအား သတင်းပေးနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly