တောင်ကိုရီးယားအတိုက်ခံခေါင်းဆောင်က တရုတ်၏ ရက်စက်မှုများကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်

တောင်ကိုရီးယားအတိုက်ခံခေါင်းဆောင်က တရုတ်၏ ရက်စက်မှုများကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်

တောင်ကိုရီးယားအကြီးမားဆုံး အတိုက်အခံပါတီ၏ ၃၆ နှစ်အရွယ် ခေါင်းဆောင်က သူကို ထောက်ခံသူ လူငယ်ပေါင်းများစွာသည် ဟောင်ကောင်ကဲ့သို့သောနေရာများတွင် တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါ ပြောကြားချက်သည် ၎င်း၏ နိုင်ငံရေးအုပ်စု အနိုင်ရရှိပါက တရုတ်အစိုးရကို တင်းမာစွာ ဆက်ဆံလိမ့်မည်ဖြစ်ကြောင်း ဖော်ပြနေသည်။

ပြည်သူ့ စွမ်းအား ပါတီ (People Power Party)၏ အသစ်ခန့်အပ်လိုက်သည့် ခေါင်းဆောင်ဖြစ်ပြီး ဟားဗတ်ပညာတွင် ပညာသင်ကြားခဲ့သည့် လီဂျန်ဆွတ်ခ်က Bloomberg နှင့် တွေ့ဆုံမေးမြန်းခန်းတွင် မျိုးဆက်ပြောင်းလဲမှုများဖြစ်ပေါ်နေကြောင်းနှင့် ကိုရီးယားတွင် ၎င်းတို့ကို အားထားပြီး ကွန်ဆာဗေးတစ်အုပ်စုအား သမ္မတပြန်ဖြစ်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်ပြန်လည်ဆက်ဆံရေးကောင်းမွန်အောင် ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဒီမိုကရေစီရဲ့ ရန်သူတွေကို ကျိန်းသေ တိုက်ခိုက်ရပါမယ်” ဟု တောင်ကိုရီးယားနိုင်ငံ၏ အဓိကနိုင်ငံရေးပါတီကို ဦးဆောင်ရန် အသက်အငယ်ဆုံးခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသော လီက ဇူလိုင်လ ၉ရက်က သူ၏ ရုံးတွင် ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်က ဟောင်ကောင်ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သူ လီက အာရှဘဏ္ဍာရေးအချက်အခြာဖြစ်သော ဟောင်ကောင်၏ ဒီမိုကရေစီရေးလှုပ်ရှားမှုသည် ၁၉၈၀ ပြည့်နှစ်များက တောင်ကိုရီးယား အာဏာရှင်အစိုးရကိုဖြုတ်ချခဲ့သော လှုပ်ရှားမှုများကို ပြန်လည်အမှတ်ရစေခဲ့သည်ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယား၏ လက်ရှိ သမ္မတမွန်ဂျေအင်း၏ အစိုးရအဖွဲ့တွင် ၁၉၈၀ ပြည့်နှစ်များက ဒီမိုကရေစီအရေး ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သူများ ပါဝင်နေသည်။

နိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နှင့် သမ္မတ မွန်က ဆက်ရေးကောင်းမွန်ပြီး ဟောင်ကောင် ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖိနှိပ်ခြင်းနှင့် ရှင်ကျန်းဒေသတွင် အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း စွပ်စွဲ ချက်များနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ထက် သမ္မတမွန်းက ဝေဖန်ပြစ်တင်မှု နည်းသည်။

ဟောင်ကောင်အာဏာပိုင်များကို ပွင့်ပွင့်လင်းလင်းဝေဖန်သည့် Apple Daily သတင်းစာနှင့် ဝန်ထမ်းများအား ဖိနှိပ်ခြင်းအတွက် ဝေဖန်ပြောကြားခဲ့သည့် အမေရိကန်နှင့် ယင်း၏ မဟာမိတ်နိုင်ငံပေါင်း ၂၀ ၏ ပူးတွဲကြေညာချက်တွင်လည်း တောင်ကိုရီးယားက ပါဝင်ရန် သိသိသာသာ ပျက်ကွက်ခဲ့သည်။

“မွန်အစိုးရအဖွဲ့က တရုတ်ဘက်ယိမ်းနေလို့ ကိုရီးယားပြည်သူတွေက မပျော်ကြပါဘူးဆိုတာကို ကျွန်တော်ကံသေကံမ ပြောရဲပါတယ်” ဟု လီက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required