လမ်းမတော် EPCရုံး ဗုံးပေါက်

လမ်းမတော် EPCရုံး ဗုံးပေါက်

ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ကမ်းနားလမ်းက လျှပ်စစ်မီတာ(EPC)ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၉ရက် မနက် ၅နာရီအချိန်မှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ လမ်းမတော်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“ကမ်းနားလမ်း epc ရုံးဗုံးပေါက်တာ အသံတော့ တော်တော်ကျယ်တယ်။ရုံးခေါင်မိုးတွေ လန်ထွက်ကုန်တာတော့ တွေ့တယ်။ အခု ၈နာရီဝန်းကျင်မှာ လိုင်းကားတွေတားပြီးစစ်နေတယ်”လို့ သူကပြောပါတယ်။

ပေါက်ကွဲမှုက မနက်ပိုင်းမှာ ဖြစ်တာကြောင့် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

အခုရက်ပိုင်း ရန်ကုန်မြို့အတွင်း စစ်ကောင်စီက လျှပ်စစ်မီတာခများ အတင်းအကြပ် လိုက်လံကောက်ခံနေပြီး မီတာခမပေးဆောင်တဲ့ အိမ်တွေကို မီးကြိုးဖြတ်ချသည်အထိ  လုပ်ဆောင်နေပါတယ်။

အဲ့ဒီလိုလုပ်ဆောင်မှုတွေ ရှိလာချိန်မှာပဲ ရန်ကုန်မြို့က EPC ရုံးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်လာတာပါ။

ဇူလိုင်လ ၇ရက်နေ့ကလဲ တာမွေ လျှပ်စစ်မီတာ (EPC) ရုံးမှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွါးခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly