ကိုဗစ်ကာလ တောင်ကိုရီးယားမှာ သေကြောင်းကြံစည်မှုပိုများလာ 

08 July 2021
ကိုဗစ်ကာလ တောင်ကိုရီးယားမှာ သေကြောင်းကြံစည်မှုပိုများလာ 

တောင်ကိုရီးယားနိုင်ငံမှာ မြစ်ထဲခုန်ချရင်း ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တဲ့လူတွေကို စောင့်ကြည့်ဖို့ AI ဉာဏ်ရည်တုနည်းပညာသုံး CCTV စောင့်ကြည့်ကင်မရာတွေကို အသုံးပြုတော့မှာပါ။ အန္တရာယ်ရှိတဲ့ အခြေအနေမျိုးကို စောင့်ကြည့်တဲ့ CCTV က သေကြောင်းကြံစည်တော့မယ်လို့ သုံးသပ်မိတာနဲ့ ကယ်ဆယ်ရေးအဖွဲ့ကို ချက်ချင်း လှမ်းပြီးသတိပေးပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း သေကြောင်းကြံစည်တဲ့လူငယ်တွေ စံချိန်တင် တိုးလာချိန်မှာ ဒီနည်းပညာကိုတီထွင်လိုက်တာပါ။ ရိုက်တာသတင်းကိုအခြေခံပြီး နန်းလောင်ဝ်ကတင်ပြထားပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly