Covishield ကာကွယ်ဆေးကို ဆွစ်ဇာလန်၊ အိုက်စလန်နှင့် အီးယူ ၇ နိုင်ငံတို့တွင် ခွင့်ပြုချက်ရရှိ

Covishield ကာကွယ်ဆေးကို ဆွစ်ဇာလန်၊ အိုက်စလန်နှင့် အီးယူ ၇ နိုင်ငံတို့တွင် ခွင့်ပြုချက်ရရှိ

ဥရောပမှာ ဝင်ရောက်လာသည့်ခရီးသည်များကို ရောဂါအခြေအနေမဖြစ်မနေ စောင့်ကြည့်ထိန်းသိမ်းထားရန် အိန္ဒိယက သတိပေးလိုက်ပြီး နောက်တစ်ရက်တွင် အိန္ဒိယနိုင်ငံ Serum Institute မှထုတ်လုပ်သည့် AstraZeneca ကာကွယ်ဆေးဖြစ်သော Covishieldကို ဆွစ်ဇာလန်၊ အိုက်စလန်နှင့် အီးယူ ၇ နိုင်ငံတို့က အတည်ပြုလိုက်သည်။

သြစတြီးယား၊ ဂျာမနီ၊ ဆလိုဗေးနီးယား၊ ဂရိ၊ အိုက်စလန်၊ အိုင်ယာလန်၊ အက်စတိုးနီးနှင့် စပိန်တို့က Covishieldကာကွယ်ဆေးထိုးပါက ပြည်ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု အစိုးရ၏ သတင်းရင်းမြစ်များက ဆိုသည်။ အိန္ဒိယအစိုးရမှ ထုတ်လုပ်သော ဆေးများဖြစ်သည့် Covishieldနှင့် Covaxinကာကွယ်ဆေးများကို အသိအမှတ်ပြုမည်ဟု အက်စတိုးနီးယားကလည်း အတည်ပြုခဲ့သည်။

အိန္ဒိယကလည်း ယင်းနိုင်ငံသားများကို အလားတူ ပြည်ဝင်ခွင့်ပြုချက်များ ပေးမည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Serum Institute ကလည်း ဥရောပဆေးဝါးအေဂျင်စီသို့ ခွင့်ပြုချက် လျှောက်ထား ခဲ့ပြီးဖြစ်ကာ ကုမ္ပဏီအရာရှိများက ခွင့်ပြုချက် တစ်လအတွင်း ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

Covaxinကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တရားဝင်အသိအမှတ်မပြုရသေးသော်လည်း ဥရောပဆေးဝါးအေဂျင်စီ၏ အတည်ပြုချက်ရရှိပြီးပါက အသိမှတ်ပြုလိမ့်မည်ဟု မျှော်လင့်ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly