ဂျမူးဒေသတွင် ရူပီး ၆၀၀၀ လာဘ်စားသည့် အစိုးရဝန်ထမ်းတစ်ဦးကို အိန္ဒိယဗဟို စုံစမ်းရေးအဖွဲ့က ဖမ်းဆီး

By ANI
06 July 2021
ဂျမူးဒေသတွင် ရူပီး ၆၀၀၀ လာဘ်စားသည့် အစိုးရဝန်ထမ်းတစ်ဦးကို အိန္ဒိယဗဟို စုံစမ်းရေးအဖွဲ့က ဖမ်းဆီး

ဂျမူးဒေသရှိ စွမ်းအင်ဖွံ့ဖြိုးရေးဌာန (PDD) မှ ဝန်ထမ်းတစ်ဦးက တရားလိုပြုတိုင်ကြားသူထံမှ ရူပီး ၆၀၀၀ တောင်းကာ လာဘ်စားမှုဖြင့် အိန္ဒိယအစိုးရ၏ ဗဟိုစုံစမ်းရေးအဖွဲ့ (CBI) က ဇူလိုင် ၁ ရက်တွင် ဖမ်းဆီးလိုက်သည်။

ဂျမူးဒေသ၏ PDD ဌာနခွဲ(၃) ရှိ AEE ရုံးမှ ဝန်ထမ်းကို တရားလိုဖြစ်သူက လျှပ်စစ်မီးသွယ်တန်းပေးရန်နှင့် တပ်ဆင်ထားသည့် မီတာခဆောင်ရမည့် အမည်ပြောင်းပေးရန် လျှောက်ထားရာတွင် လာဘ်ငွေ တောင်းခဲ့ကြောင်း တရားလိုက တိုင်ကြား အမှုဖွင့်ခဲ့သည်။

“၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ မီတာတပ်ဆင်ဖို့ လျှောက်ထားခဲ့ပြီး လာရောက်တပ်ဆင်ပေမယ့် လျှပ်စစ်မီး သွယ်တန်းထားခြင်းမရှိသေးပါဘူး။ မီတာမှတ်တမ်းမှာလည်း အမည်ပြောင်းပေးထားခြင်း မရှိတာကြောင့် ဒီဝန်ထမ်းကို ဆက်သွယ်တဲ့အခါ သူက စာရွက်စာတမ်းကြေးအတွက် ရူပီး ၆၀၀၀ တောင်းခဲ့ပါတယ်” ဟု စွဲချက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly