မူဆယ်တွင် ၅ ရက်အတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်း ၈ လောင်းတွေ့

မူဆယ်တွင် ၅ ရက်အတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်း ၈ လောင်းတွေ့
Photo: မူဆယ်မြို့တစ်နေရာတွင် မူးယစ်ဆေးသုံးနေသူအချို့အား တွေ့ရစဥ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်လောင်း ဒီနေ့ တွေ့ရှိခဲ့ပြီး ငါးရက်အတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိခဲ့ရတာ စုစုပေါင်း ရှစ်လောင်းရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့၊ ကားလေးကွင်းအနောက်လမ်းကြားမှာ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်းကို ဒီနေ့(ဇူလိုင်၅)မနက် တွေ့ရှိခဲ့တာလို့ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁ ရက်ကနေ ဇူလိုင် ၅ ရက်အတွင်း  ပိုင်ရှင်မဲ့ရုပ်အလောင်း ရှစ်လောင်းတွေ့ရှိခဲ့တာ ဖြစ်ပြီး ဒီအခြေအနေဟာ မူဆယ်မြို့ရဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတာကို မြင်သာစေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပိုင်ရှင်မဲ့ရုပ်အလောင်း ရှစ်လောင်းမှာ လူသတ်မှုကြောင့် သေဆုံးတာရော မူးယစ်ဆေးသုံးရင်း သေဆုံးတာတွေပါ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် မူဆယ်မြို့မှာ ကိုဗစ်ပိုးတွေ့လူနာဦးရေ မြင့်တက်နေပြီး ဒီနေ့ မှာ အနံ့ပျောက်လူနာ ၁၁၁ ယောက်ကို ဆေးစစ်တာ ၅၁ ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ လူမှုရေးအသင်းအချို့က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly