ပုသိမ် ရွှေမုဌောစေတီတန်ဆောင်းမှာ အမျိုးသမီး ၁ ဦးသေဆုံးနေ

ပုသိမ် ရွှေမုဌောစေတီတန်ဆောင်းမှာ အမျိုးသမီး ၁ ဦးသေဆုံးနေ

ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့လယ်ခေါင်းမှာရှိတဲ့ ရွှေမုဌောစေတီတော် ပရဝဏ်အတွင်း တန်ဆောင်းပေါ်မှာ ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းက အမျိုးသမီး တစ်ဦး လဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ မနက် ၇ နာရီကျော်လောက်က ဘုရားပရဝဏ်ထဲကို စတင်ရောက်ရှိလာပြီး ၈ နာရီလောက်မှာ သေဆုံးခဲ့တာလို့ ပရဟိတအသင်းတချို့ရဲ့ပြောကြားချက်အရသိရပါတယ်။

"အသက်ရှူကြပ်ပြီး သေနေတာလို့တော့ ပုသိမ်ကလူတွေ ပြောနေကြတယ်ဗျ၊တိတိကျကျတော့မသိရသေးဘူး၊ဆရာဝန်တွေ စစ်ဆေးမလားတော့မသိဘူး သူတိူ့စစ်ဆေးပြီးမှတိတိကျကျသိရမှာ"လို့ ပုသိမ်ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးခဲ့သူအမျိုးသမီးဟာ အဖော်မပါပဲ တစ်ယောက်တည်းလာခဲ့တာဖြစ် တဲ့အတွက်အမျိုးသမီးရဲ့ မိသားစုဝင်တွေကို  ဆက်သွယ်ဖို့အတွက်ဂေါပက အဖွဲ့က ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly