မြောက်ဒဂုံမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့ဗုံးပေါက်ကွဲ

မြောက်ဒဂုံမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့ဗုံးပေါက်ကွဲ

ဇူလိုင် ၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်ထဲက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးယုဆိုသူအိမ်ရှေ့ ဒီကနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

“ ကျွန်တော်တို့ ၃၉ ရပ်ကွက် အုပ်ကြီးအိမ်ရှေ့ကွဲတာ။ မနက် ၆ နာရီကျော်ကျော်လောက်ရှိမယ်။ ဗုံးက သုံးလုံးကွဲတာ၊ အသံတော့ တော်တော်ကျယ်တယ်” လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

အုပ်ချုပ်ရေးမှူးက သူ့အိမ်မှာ အရက်ဘီယာ ရောင်းဝယ်တဲ့ အင်းလေး စတိုးဆိုင်ကို ဖွင့်လှစ်ထားတဲ့သူလဲဖြစ်ပြီး အဆိုပါစတိုးဆိုင်အရှေ့မှာ ပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက ၃၉ ရပ်ကွက်နေရာတချို့မှာ ဖြတ်သန်းသွားလာသမျှလူတွေကို စစ်ဆေးမှုတွေလုပ်နေတယ်လို့လဲ ဒေသခံတွေကပြောဆိုနေကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly