ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ‌၂၀ ဦးထက်မနည်းကျ‌ဆုံး 

ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ‌၂၀ ဦးထက်မနည်းကျ‌ဆုံး 

ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ဂွေးပင်တောင်လမ်းပိုင်း တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀ ‌ ဦးထက်မနည်းကျ‌ဆုံး၍ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒီကနေ့  ဇူလိုင်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။ 

ဇူလိုင်လ ၂ ရက် ည ၁၁ နာရီ ခွဲအချိန်တွင် ထီးချိုင့်မြို့နယ် ဂွေးပင်တောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်တွေ စီးနင်းလာတဲ့  ကား နှစ် စီးအား KIA မဟာမိတ်တပ်များနှင့်အတူ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ဖြစ်သည်။ 

KIA မဟာမိတ်တပ်များနှင့်ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးဘက်မှ အထိအခိုက် အကျအဆုံး မရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ဇွန်လ ၂၆ ရက်က ထီးချိုင့်မြို့နယ်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly