ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမြင့်တက်လာသော်လည်း စစ်ကောင်စီက ကျောင်းတွေနဲ့ရုံးဌာနတွေကို ဆက်ဖွင့်နေ

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမြင့်တက်လာသော်လည်း စစ်ကောင်စီက ကျောင်းတွေနဲ့ရုံးဌာနတွေကို ဆက်ဖွင့်နေ

ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး အတွင်းက မြို့နယ်တွေ၊မြို့တွေနဲ့ကျေးရွာတွေမှာရှိတဲ့ စာသင် ကျောင်းတွေနဲ့ ရုံးဌာနတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတွေ အများအပြားရှိလာတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီ ဖွင့်တဲ့ ကျောင်းတွေမှာ ကျောင်းသားအနည်းစုသာ တက်ရောက်နေပြီး ကျောင်းတွေကို ဆက်ဖွင့်ခိုင်းထားကာ ၊ ရုံးဌာနတွေကိုလည်း ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်နေစေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပုသိမ်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ကျော်၊မြောင်းမြမြို့မှာ ၁၀၀ ကျော်နဲ့ ဧရာဝတီတိုင်းအတွင်း အခြားမြို့နယ်တွေမှာ ဇွန်လ ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတွေအများအပြားရှိလာခဲ့ပါတယ်။

ရုံးဌာနတချို့က ကိုဗစ်-၁၉ အတည်ပြုလူနာတွေကိုသတင်း အပြင်မထုတ်ပဲ ဖုံးဖိထားကြတယ်လို့ ပုသိမ်ဒေသခံတစ်ဦးကပြောပါတယ်။

"ပုသိမ်မြို့နယ် စည်ပင်မှာဆို ၁၀ ယောက်ကျော်ကူးပြီးသွားပြီ၊တိုင်းရဲရုံးထဲမှာလည်း ကိုဗစ်တွေအများကြီးပဲလို့ကြားတယ်၊ သတင်းတွေဖုံးထားကြလို့ပြည်သူတွေမသိရတာ ၊ကျွန်တော်တို့မသိတဲ့ ရုံးတွေ၊ကျောင်းတွေမှာ ကူးစက်နေတာတွေအများကြီးရှိတယ်၊ရုံးတွေနဲ့ကျောင်းတွေ ပိတ်လိုက်ရင် ဒီကောင်တွေ အာဏာသိမ်းတာမအောင်မြင်မှာစိုးလို့ သတင်းတွေဖုံးဖိပြီး ဆက်ဖွင့်ခိုင်းထားတာ"လို့ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ဇွန်လကစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကူစက်ခံရသူတွေအများအပြားရှိလာခဲ့တာပါ။ ပုသိမ်မြို့က ကိုဗစ်-၁၉ ကူးစက်ခံရသူ ငါးဦး၊ မြောင်းမြမြို့က တစ်ဦး နှင့်ငရုတ်ကောင်းမြို့နယ်က တစ်ဦး ရှိနေပြီး ကိုဗစ်တတိယလီိုင်းအတွင်း စုစုပေါင်း သေဆုံးသူ ခုနှစ်ဦးအထိ ရှိလာနေပြီလို့လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly