Instagram မှာ ဝင်ငွေအများဆုံးရရှိသူအဖြစ် စီရော်နယ်လ်ဒို ပထမဆုံးအကြိမ် ရပ်တည်

Instagram မှာ ဝင်ငွေအများဆုံးရရှိသူအဖြစ် စီရော်နယ်လ်ဒို ပထမဆုံးအကြိမ် ရပ်တည်

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ Instagram က စပွန်ဆာပို့စ်ဟာ အနုပညာလောကက နာမည်ကျော်တွေထက်ကို ကျော်ပြီး ဝင်ငွေအများဆုံးရရှိသူအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ 

ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ သူ့ရဲ့ အကောင့်မှာ စပွန်ဆာ Post တစ်ခုဆိုရင် ပေါင် ၁.၂ သန်း အထိ ရရှိတယ်လို့ Hopper HQ အရ သိရပါတယ်။ 

ရီးယဲလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုဟာ နပန်းသမား သရုပ်ဆောင် "The Rock" ဂျွန်ဆင်ကို ကျော်တက်ပြီး ထိပ်ဆုံးနေရာကနေ ရပ်တည်နေတာပါ။ 

ဒါဟာ ၂၀၁၇ ခုနှစ်ကစလို့ ရော်နယ်လ်ဒိုရဲ့ ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးက ရပ်တည်နိုင်တာလည်းဖြစ်ပါတယ်။

ဘလွန်ဒီအော်ဆု ၅ ကြိမ်ရ ရော်နယ်လ်ဒိုဟာ Instagram မှာ follower ၃၀၈ သန်း ရှိနေတာကြောင့် ဝင်ငွေကောင်းနေတာလည်းဖြစ်ပါတယ်။ 

Instagram မှာ စပွန်ဆာ Post တစ်ခုအတွက် ကြေးအများဆုံးရရှိတဲ့ ၁၀ ဦးစာရင်းမှာ အားကစားလောကကနေ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့သာ ပါဝင်တယ်လို့ သိရပါတယ်။

The 10 celebrities who can charge the most per Instagram post

1. Cristiano Ronaldo, 308m followers - just over $1.6m per post

2. Dwayne "The Rock" Johnson, 250m followers, $1.52m per post

3. Ariana Grande, 247 million followers, $1.51m per post

4. Kylie Jenner, 244 million followers, $1.49m per post

5. Selena Gomez, 241 million followers - $1.46m per post

6. Kim Kardashian, 232 million followers - $1.41m per post

7. Lionel Messi, 224 million followers - $1.16m per post

8. Beyonce Knowles, 189 million followers - $1.14m per post

9. Justin Bieber, 180 million followers - $1.11m per post

10. Kendall Jenner, 172 million followers -$1.05m per post

Source: Hopper HQ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly