ပုသိမ်ထောင်က မတရားဖမ်းဆီးခံ ပြည်သူ ၅၂ ဦးပြန်လည်လွတ်မြောက်

ပုသိမ်ထောင်က မတရားဖမ်းဆီးခံ ပြည်သူ ၅၂ ဦးပြန်လည်လွတ်မြောက်

ဇွန် ၃၀

ပုသိမ်အကျဥ်းထောင်မှာ မတရားဖမ်းဆီး ထောင်ချခံထားရတဲ့ ပြည်သူ ၅၂  ဦး ဒီကနေ့ဇွန်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲလောက်ကပြန်လည်လွတ်မြောက်လာတယ်လို့သိရပါတယ်။

လွတ်မြောက်လာတဲ့ အမျိုးသား ၄၅ ဦး၊အမျိုးသမီး ၇ ဦး ထဲမှာ တိုင်းဧရာ သတင်းထောက် မရွှေရည်ဝင်း၊ပန်းချီ ဆရာ ကိုသက်နောင်နဲ့ အခြား အပြစ်မဲ့ပြည်သူတွေပါဝင်ပြီး ကျန်းကျန်းမာမာနဲ့ရှိနေကြတယ်လို့ မိသားစုဝင်တစ်ဦးကဆိုပါတယ်။

အဲ့ဒီအပြင် ပင်းတယ မီးအိမ်ရှင် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်၊မြန်မာ သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းနဲ့ အပြစ်မဲ့ပြည်သူ ၈၀ ကျော်ကို စစ်အုပ်စုက ပုသိမ်အကျဉ်းထောင်မှာဆက်လက်ဖမ်းဆီးထားဆဲလို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly