အာဏာတည်မြဲရေးအတွက် ကျောင်းသားတွေကို ချနင်းနေတာလား (ဆောင်းပါး)

30 June 2021
အာဏာတည်မြဲရေးအတွက် ကျောင်းသားတွေကို ချနင်းနေတာလား (ဆောင်းပါး)

ပြည်သူလူထု ထောက်ခံမှုနဲ့တက်လာတဲ့ NLD ဦးဆောင်တဲ့ အစိုးရကိုယ်တိုင်တောင် ပြည်သူပူးပေါင်းပါဝင်မှုနဲ့ ကိုဗစ်လှိုင်းဒဏ်ကို ကြံ့ကြံ့ခံကာကွယ်နိုင်ခဲ့ပေမယ့် အခြေခံပညာကျောင်းတွေကို ကိုဗစ်စည်းကမ်းနဲ့ အညီဖွင့် ဖို့ကြိုးစားခဲ့ပေမယ့် မဖွင့်နိုင်ခဲ့ပါဘူး။
စစ်တပ်ကတော့ သူတို့အုပ်ချုပ်မှုတည်ငြိမ်တယ်ဆိုတာ ပြချင်တာတစ်ခုတည်း အတွက် ကျောင်းတွေဖွင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခုဇွန်လ ဒုတိယအပတ်လောက်ကစလို့ ကိုဗစ်တတိယလှိုင်း ဖြစ်လာပါပြီ။ တစ်ရက်ကို ကူးစက်မှု က ၃၀၀ ကနေ ၆၀၀ကျော်အထိရှိနေပါတယ်။
ဒီလိုတွေကူးစက်နေမှုရှိနေပေမယ့်လည်း စစ်ကောင်စီဟာ ကျောင်းတွေအားလုံးပိတ်ဖို့ မစီစဉ်သေးပဲ အရာအားလုံးကို ထိန်းချုပ်နိုင်သယောင် တည်ငြိမ်နေသယောင် ကိုယ်ဟန်ဖို့နေတာကို တွေ့ရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly