ငါးသိုင်းချောင်းမြို့တွင် ပေါက်ကွဲမှု ၄ကြိမ်ဖြစ်

ငါးသိုင်းချောင်းမြို့တွင် ပေါက်ကွဲမှု ၄ကြိမ်ဖြစ်

ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့မှာ ဒီနေ့ည ၈နာရီခန့်မှာ ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆေးရုံနားမှာ ဗုံးပေါက်သံ နှစ်ချက်ဆင့်ကြားလိုက်ရတယ် ၊သေနတ်ပစ်သံတွေလည်း ကြားရတယ်၊ နေရာအတိအကျကို မမှန်းနိုင်ဘူးဖြစ်နေတယ်၊အပြင်ရောက်နေတဲ့သူတွေလည်း အကုန်အိမ်ပြန်ပြေးနေကြတယ်၊ ဆေးရုံနားက သူငယ်ချင်းကပြောတာတော့ သူတို့နားမှာပေါက်တာလို့ပြောတယ် စစ်တပ်က မဲမဲမြင်သမျှ လိုက်ပစ်နေကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ဒီကနေ့ တစ်ရက်ထဲမှာပင် ကျိုက်လတ်မြို့တွင် ပေါက်ကွဲမှု လေးကြိမ်း၊ ကန်ကြီးထောင့်နဲ့ ပုသိမ်မြို့တွေမှာ ပေါက်ကွဲမှု တစ်ကြိမ်စီဖြစ်ပေါ်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly