တောင်ဒဂုံ ပေါက်ကွဲသံကြားရပြီးနောက် စစ်သားများက အရပ်သားပြည်သူများကို ရိုက်နှက်မှုဖြစ်ပွား

တောင်ဒဂုံ ပေါက်ကွဲသံကြားရပြီးနောက် စစ်သားများက အရပ်သားပြည်သူများကို ရိုက်နှက်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တွင် တနလ်ာနေ့ ည ၉ နာရီခွဲလောက် ပေါက်ကွဲသံကြားရပြီးနောက်တွင် စစ်သားများက အရပ်သားပြည်သူများကို ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ် ၇၀ ရုံးအရှေ့တွင်  စစ်သားများသည်  အရပ်သားပြည်သူများကို ရိုက်နှက်ဆဲဆိုနေပြီး သေနတ်များဖြင့်လည်း ချိန်ရွယ်ခြိမ်းခြောက်နေသည်ဟု သိရသည်။

"အော်သံကြားလို့ ထွက်ကြည့်တာ လူတွေကို ရိုက်နေကြတယ်ဗျာ။  သေနတ်လဲမောင်းတင်ပြီး မပစ်ယုံတမယ်ပဲ''ဟု မျက်မြင်တွေ့ခဲ့ရသူက ပြောသည်။

အရပ်သားပြည်သူများကို ရိုက်နှက်၍ ကားပေါ်တင်သွားသည်ဟု သိရသည်။

ထို့အပြင် ရပ်ကွက်ကို ထပ်မံ ရန်ရှာမည်ကို  ရပ်ကွက်နေပြည်သူများက စိုးရိမ်နေကြသည်ဟု ဆိုသည်။

"အရင်တစ်ခေါက်ကလဲ ရပ်ကွက်ကို ဆဲဆို ရန်ရှာကြသေးတာမို့ ကျွန်တော်တို့ကို ထပ်လာပြီး ရန်လုပ်မှာကို ကြောက်နေရတယ်''ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly