မြောင်းမြမြို့မှာ စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေနဲ့  ဌာနဆိုင်ရာရုံးတွေမှာ ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားနေ

မြောင်းမြမြို့မှာ စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေနဲ့  ဌာနဆိုင်ရာရုံးတွေမှာ ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားနေ

ဇွန် ၂၈

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်မှာ ဇွန်လ ၂၇ရက်နေ့ညအထိ ထုတ်ပြန်ချက်တွေအရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၉ဦးအထိ ရှိလာပေမယ့် ရောဂါကူးစက်မှုမြင့်မားနေတဲ့ စာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို Lock Down ချထားခြင်းမရှိဘဲ ဆက်လက်ဖွင့်လှစ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပါတယ်။

“အခုကူးနေတာက ရဲ၊စည်ပင်၊လျှပ်စစ်၊ စားသောက်ဆိုင်၊ စာသင်ကျောင်းတွေက အဓိကဖြစ်နေတာ၊ ရဲတွေရောဂါဖြစ်နေတယ် တားမြစ်တာမရှိဘူး၊ လျှပ်စစ်ရုံးကိုဗစ်ဖြစ်တယ် မီတာခတွေ အတင်းလိုက်တောင်းနေတယ်၊ စည်ပင်လည်း အဲ့လိုပဲ စည်ပင်ခွန်တွေ မြို့ပတ်ကောက်နေတယ်၊ စာသင်ကျောင်းက အဆိုးဆုံးပဲ ကျောင်းသားတွေရော ဆရာမတွေရော အများကြီးဖြစ်နေတာကို အခုထိ ဖွင့်ထားတုန်းပဲ၊ မိဘတွေက ကျောင်းမလွှတ်လို့သာ ကျောင်းသားနည်းနေတာ သူတို့က ပိတ်မပေးဘူး၊ ရိုးကူးကျောင်းဆို ကျောင်းအုပ်ကြီးကအစ ကူးနေတာ”လို့ ဒေသခံ ပြည်သူတစ်ဦးကပြောပါတယ်။

Facility Quarantine နေရာတွေမှာလည်း Volunteerလိုအပ်ချက်တွေ ပံ့ပိုးကူညီထောက်ပံ့မှုတွေ များစွာလိုအပ်နေတယ်လို့ ဆိုပါတယ်။

“အရင်လို လုပ်အားပေးသိပ်မရှိတော့ဘူး လှူတဲ့သူလည်း နည်းတယ် မရှိသလောက်ဘဲ၊ ဘာမှမပြည့်စုံဘူး PPEတောင် အပြည့်အစုံမရှိကြဘူး၊ စစ်တပ်နဲ့ မပက်သက်ချင်တဲ့သူတွေများတော့ ဘာမှလုပ်လို့မရဘူး”လို့ ဒေသခံ ပရဟိတလူငယ်တစ်ဦးကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly