“စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး “ ဆိုတဲ့ ရန်ကုန်သပိတ်

26 June 2021
“စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး “ ဆိုတဲ့ ရန်ကုန်သပိတ်

စစ်အာဏာရှင် ပြုတ်ကျရေးအတွက် GSCက ဦးဆောင်ပြီး ရန်ကုန်မြို့က လူငယ်တွေနဲ့ စုပေါင်းပြောက်ကြားသပိတ်ကို ဒီကနေ့ ဇွန်လ ၂၆ရက် ညနေ ၅နာရီခွဲ အချိန်က ဆူးလေ မြို့လယ်ခေါင်မှာ ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဆလိုင်းတင်မောင်ဦး ကြိုးပေးအသတ်ခံရတဲ့ ၄၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

“စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး ၊ မီးတုတ်မီးတုန် ရှို့ရှို့" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ လူဦးရေ ၃၀၀ နီးပါ ဆန္ဒပြခဲ့ကြတာပါ။

အသံနဲ့အလံ ကြားတာနဲ့ ပူးပေါင်းပါဝင် ပေးကြဖို့နဲ့ သွေးမအေးသွားဖို့ကိုလဲ လူငယ်တွေက တောင်းဆိုထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly