အဝေးပြေးယာဉ်ပေါ်တွင် သေဆုံးနေသည့်ယာဉ်မောင်းထံမှ ကိုဗစ်ပိုးတွေ့

26 June 2021
အဝေးပြေးယာဉ်ပေါ်တွင် သေဆုံးနေသည့်ယာဉ်မောင်းထံမှ ကိုဗစ်ပိုးတွေ့

 

ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကွင်းမှာရှိတဲ့ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးဟာ ဒီကနေ့ ဇွန်လ ၂၆ ရက် မနက် ၈နာရီက ယာဉ်ပေါ်မှာ သေဆုံးနေခဲ့ပါတယ်။
ပြင်ပဒဏ်ရာမရှိတဲ့အတွက် မေဓါဝီဆေးရုံကို ပို့ဆောင်ပြီး စစ်ဆေးရာမှာ  COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာပါ။
သေဆုံးနေသူကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကို မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly