ရှင်ကျန်းမှ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ တင်သွင်းမှုကို အမေရိကန် ပိတ်ပင်ပါက တရုတ်လက်တုံ့ ပြန်မည်

ရှင်ကျန်းမှ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ တင်သွင်းမှုကို အမေရိကန် ပိတ်ပင်ပါက တရုတ်လက်တုံ့ ပြန်မည်

ရှင်ကျန်းပြည်နယ်မှ အရေးပါသော နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများတင်သွင်းမှုကိုများ အမေရိကန်က ပိတ်ပင်ပါက တရုတ်က လက်တုံ့ ပြန်မည် ဇွန်လ ၂၂ရက်က ပြောကြားခဲ့သည်။

တရုတ်အစိုးရက ဝီဂါလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသော ရှင်ကျန်းဒေသမှ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများဖြစ်သော ပိုလီဆီလီကွန်အား တင်သွင်းမှုကို တားမြစ်ရန် အမေရိကန်သမ္မတ ဘိုင်ဒင်၏ အစိုးရအဖွဲ့က စဉ်းစားသုံးသပ်နေကြောင်း Politico သတင်းတွင် ဖော်ပြခဲ့သည်။

နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက အမေရိကန်က အချက်အလက်များကို လေးစားရမည်ဖြစ်ပြီး မှားယွင်းသော သတင်းအချက်အလက်များကို တမင်တကာဖြန့်ဖြူးခြင်းကို ချက်ချင်းရပ်တန့်ရန်နှင့် ယင်းမှားယွင်းသောသတင်းအချက်အလက်များကို အခြေခံ၍ တရုတ်ကုမ္ပဏီများကို အလွန်အမင်းဖိအားမပေးသင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ဘက်မှ အမေရိကန်၏ လုပ်ဆောင်မှုများကို အနီးကပ်စောင့်ကြည့်မည်ဖြစ်ပြီး ယင်း၏ အကျိုးစီးပွားကိုကာကွယ်ရန်အတွက် လိုအပ်သည့် အစီအမံများကိုပြုလုပ်ဖြစ်ကြောင်း ကျောက်လီကျန်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ပေါ်ရှိ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားထုတ်လုပ်မှုသည် ဝီဂါမွတ်စလင်များကို အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုအပေါ်မူတည်နေကြောင်း စုံစမ်းစစ်ဆေးမှုထွက်ပေါ်လာပြီးနောက် ရှင်ကျန်းမှ နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းတင်ပို့မှုကို တားမြစ်ရန်တောင်းဆိုမှုများထွက်ပေါ်လာခဲ့သည်။

ထရမ့်အစိုးရလက်ထက်က ရှင်ကျန်းမှ တင်ပို့သောဝါဂွမ်း၊ ခရမ်းချဉ်သီးနှင့် အခြားထုတ်ကုန်များတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ခဲ့သကဲ့သို့ ပိုလီဆီလီကွန်များ တင်သွင်းမှုကိုလည်း ပိတ်ပင်ရန် ပါတီနှစ်ခုစလုံးမှ အမတ်များက ဘိုင်ဒင်အစိုးရကို ဖိအားပေးနေသည်မှာ လနှင့်ချီနေပြီဖြစ်သည်။

ယခုအခါ ရှင်ကျန်းမှ ပိုလီဆီလီကွန်များ တင်သွင်းမှုကို ဒေသအလိုက် ကျယ်ပြန့်သော တားမြစ်ပိတ်ပင်မှု ပြုလုပ်ရန် အိမ်ဖြူတော်က စဉ်းစားနေသည်ဟု စက်မှုလုပ်ငန်းနှင့် အစိုးရအစီအစဉ်များကို သိရှိထားသည့် အစိုးရနှင့် နီးစပ်သူ သတင်းရင်းအမြစ် ၄ ဦးက ဆိုသည်။

ကမ္ဘာ့ပိုလီဆီလီကွန်ထုတ်လုပ်မှု၏ ၄၅ ရာခိုင်နှုန်းခန့်သည် ရှင်ကျန်းပြည်နယ်မှ ထွက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required