အင်ဒို-ပစိဖိတ်ဒေသ၌ ဥရောပသမဂ္ဂ၏ စစ်ရေးအာရုံစိုက်မှုအပေါ် တရုတ်သံတမန် စိုးရိမ်

By ANI
23 June 2021
အင်ဒို-ပစိဖိတ်ဒေသ၌ ဥရောပသမဂ္ဂ၏ စစ်ရေးအာရုံစိုက်မှုအပေါ် တရုတ်သံတမန် စိုးရိမ်

ဥရောပနိုင်ငံများက အင်ဒို-ပစိဖိတ်ဒေသအား စစ်ရေးအရ အာရုံစိုက်မှု မကြာသေးမီက ပြောင်းလဲလာခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံတမန်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

ပြင်သစ်သတင်းစာ L'Opinion နှင့် အင်တာဗျူးတွင် သံအမတ် လျှိုရှားယီက ဥရောပနိုင်ငံများသည် အင်ဒို-ပစိဖိတ်ဒေသရှိနိုင်ငံများနှင့် အတူပူးပေါင်းလုပ်ကိုင်ရန် ကြိုးစားသင့်ကြောင်းပြောကြားခဲ့သည်။

“ဥရောပသမဂ္ဂနှင့်ပြင်သစ်တို့၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာသည် တရုတ်ကို ဆန့်ကျင်သည့် မဟာဗျူဟာ အဖြစ် အသုံးပြုမည့်အစား ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် မျှော်လင့်ပါတယ်” ဟု လျှိုရှားယီ၏ ပြောကြားချက်ကို South China Morning Post က ကိုးကားဖော်ပြခဲ့သည်။

" “ကံမကောင်းစွာနဲ့ပဲ အခုအချိန်အထိ စစ်ရေးဘက်မှာဘဲ ကျွန်တော်တို့ မြင်တွေ့နေရပါသေးတယ်။ ပြင်သစ်အနေနဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအာရုံစိုက်သင့်ပါတယ်” ဟု သူက ဆိုသည်။

တရုတ်နှင့် ထိပ်တိုက်တွေ့နိုင်သည့် ဥရောပသမဂ္ဂ၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာမူဝါဒကို ဧပြီလက ဥရောပသမဂ္ဂက ချမှတ်ပြီးနောက်တွင် ယင်းမှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ၏ အကျိုးစီးပွားအတွက် မဟာဗျူဟာအရ အဓိက အရေးပါသောဒေသတွင် ယင်း၏ မဟာဗျူဟာမြောက်အာရုံစိုက်မှု၊ တည်ရှိမှုနှင့် လုပ်ဆောင်ချက်များအား ပြန်လည်အားဖြည့်ရန်အတွက် ကောင်စီသည်အင်ဒို - ပစိဖိတ်ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမဟာဗျူဟာကို ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

တရုတ်က ယင်းဒေသ၏ နေရာအနှံ့အပြားတွင် အချုပ်အခြာအာဏာကို ကြေညခြင်းဖြင့် ဒေသလုံခြုံရေးကို ဆက်လက်ခြိမ်းခြောက်နေစဉ် စာမျက်နှာ ၁၀ မျက်နှာပါသော ဥရောပသမဂ္ဂ၏ စာတမ်း ထွက်ပေါ်လာခဲ့သည်။

အင်ဒို-ပစိဖိတ်မဟာဗျူဟာစာတမ်းတွင် ဥရောပသမဂ္ဂက ဒေသတွင်း၌ ယင်း၏ သြဇာကိုပိုမိုလွှမ်းမိုးစေရန် ဆုံးဖြတ်ထားကြောင်းရှင်းရှင်းလင်းလင်းဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ရန်လိုမှု ပိုမိုများပြားလာခြင်းနှင့် ပြည်တွင်းတွင်ဖိနှိပ်မှု တိုးမြှင့်ခြင်းကြောင့် ဥရောပသမဂ္ဂအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင် ပိုမိုပါဝင်လာရခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly