အင်ဒို-ပစိဖိတ်ဒေသအရေးတွင် ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယ လိုလား

By NDTV
22 June 2021
အင်ဒို-ပစိဖိတ်ဒေသအရေးတွင် ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယ လိုလား

လွတ်လပ်ပွင့်လင်း၍ အားလုံးပူးပေါင်းပါဝင်မှုရှိသည့် အင်ဒို-ပစိဖိတ်ဒေသဖြစ်ပေါ်ရေးအတွက် တူညီသော သဘောထားရှိသည့် ဂျာမနီနှင့် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယအစိုးရက လိုလားလျှက်ရှိသည်။

ဥရောပသမဂ္ဂတွင် ဂျာမနီသည် အိန္ဒိယ၏ အရေးကြီးဆုံး မိတ်ဆွေနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟာ့ရှ်ရှရင်ဂလာက ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကျင်းပခဲ့သည့် အိန္ဒိယနှင့် ဂျာမနီနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဗဟုဝါဒ၏ စည်းမျဉ်းများနှင့် အားလုံးက လေးစားလိုက်နာသည့် စည်းကမ်းအခြေခံ နိုင်ငံတကာအခင်းအကျင်းဖြစ်ပေါ်လာရေးတွက် စိတ်သဘောထားချင်း တူညီသည့် နိုင်ငံများ၏ အားထုတ်ကြိုးပမ်းမှုသည် ကိုဗစ်ကာလအလွန် ကမ္ဘာ့အခြေအနေတွင် လိုအပ်လာမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“ယမန်နှစ်အတွင်း ဂျာမနီကဥရောပရဲ့ ဒုတိယမြောက် နိုင်ငံအဖြစ် ထုတ်ပြန်ခဲ့တဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာလုပ်ငန်းအစီအစဉ်ကို မိမိတို့ ကြိုဆိုပါတယ်။ လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်မှုရှိတဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ပေါ်စေရေး မိမိတို့အားလုံးရဲ့ တူညီတဲ့အမြင်အတွက် ဂျာမနီနဲ့ လက်တွဲဆောင်ရွက် သွားဖို့ မျှော်လင့်ထားပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

တရုတ်က စစ်အင်အားတိုးချဲ့မှုကြောင့် အင်ဒို-ပစိဖိတ်ဒေသတွင် ဖြစ်ပေါ်လာသည့် အခြေအနေကို ကမ္ဘာ့အင်အားကြီးနိုင်ငံများက အဓိကဆွေးနွေးနေကြသလို နိုင်ငံအများအပြားကလည်း အဆိုပါဒေသအတွက် သဘောထားရပ်တည်ချက်များကို ထုတ်ပြန်လာကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly