ထိုင်ဝမ်အနီး လေကြောင်း ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်ဂျက်လေယာဉ် အများအပြား ဝင်ရောက်ခဲ့

ထိုင်ဝမ်အနီး လေကြောင်း ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်ဂျက်လေယာဉ် အများအပြား ဝင်ရောက်ခဲ့

တရုတ် စစ်လေယာဉ် ၂၈ စီးသည် ထိုင်ဝမ်အနီးရှိ လေကြောင်းကာကွယ်ရေးဇုန် (ADIZ )အတွင်းသို့ ဇွန် ၁၅ ရက်က ဝင်ရောက်ခဲ့ ကြောင်းနှင့် ပထမဆုံးအကြိမ်ဖြစ် အများဆုံး ဝင်ရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ဝင်ရောက်ခဲ့သည့် လေယာဉ်များတွင် ဂျက်လေယာဉ်များနှင့် နျူကလီးယား သယ်ဆောင်နိုင်သည့် ဗုံးကြဲလေယာဉ်များ ပါဝင်သည်။

တရုတ်၏ စစ်ရေးအရ ခြိမ်းခြောက်မှုများအပေါ် နေတိုးတပ်ဖွဲ့ ခေါင်းဆောင်များက ဇွန် ၁၄ ရက်က သတိပေးပြီး နောက်တွင် ယခုကဲ့သို့ ဝင်ရောက်ပျံသန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်အုပ်စုတွင် J-16 ၁၄ စင်း၊ J-11 ၆ စင်း၊ နျူကလီးယားတင်ဆောင်နိုင်သည့် H-6 နှင့် ရေငုပ်သင်္ဘောဖျက်လေယာည်နှင့် ကြိုတင်အချက်ပေး လေယာဉ်တို့ ပါဝင်ကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားသည်။

လေကြောင်းကာကွယ်ရေးဇုန်သည် ထိုင်ဝမ်နိုင်ငံပိုင်နက်နှင့် လေပိုင်နက်၏ အပြင်ဖက်တွင် ရှိပြီး နိုင်ငံလုံခြုံရေးအတွက် ပြည်ပမှ ဝင်ရောက်လာသည့် လေယာဉ်များအား ခွဲခြား၊ စောင့်ကြည့် ထိန်းချုပ်သည့် နေရာဖြစ်သည်။

တရုတ်လေယာဉ် အုပ်စုသည် ထိုင်ဝမ်တို့ ထိန်းချုပ်ထားသည့် ပရာတတ်စ်ကျွန်းများနှင့် ထိုင်ဝမ်တောင်ပိုင်းဝန်း ကျင်သို့ ပျံသန်းခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ၎င်း၏ တိုက်လေယာဉ်များကို ထို်ငဝမ်တောင်ပိုင်းနျင့် ပရာတက်စ်ကျွန်းများကြားရှိ ရေပြင်တွင် မကြာသေးမီ လများအတွင်း ပုံမှန် ပျံသန်းမှု လုပ်ဆောင်လာသည်။

ဇန်နဝါရီ ၂၄ ရက်ကလည်း လေယာဉ် ၁၅ စင်းပါသော တရုတ်လေတပ်သည် ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်းအတွင်း ဝင်ရောက်ခဲ့သလို ဧပြီ၁၂ ရက်ကလည်း ၂၅ စင်း ဝင်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly