မြောင်းမြမြို့ လင်းဒိုင်းလက်ပံကျေးရွာမှာ အဆိပ်ခပ်တယ်ဆိုတဲ့ သတင်းအမှား

မြောင်းမြမြို့ လင်းဒိုင်းလက်ပံကျေးရွာမှာ အဆိပ်ခပ်တယ်ဆိုတဲ့ သတင်းအမှား

ဇွန် ၁၈

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ရန်မနိုင်တိုက်နယ် လင်းဒိုင်းလက်ပံကျေးရွာက အခြေခံပညာအလယ်တန်းကျောင်းမှာ ဇွန်လ ၁၇ရက်နေ့က သောက်ရေအိုးထဲမှာ အဆိပ်ခပ်လို့ ကျောင်းသား၊ကျောင်းသူအချို့ အဆိပ်သင့်ပြီး စကားမြားတိုက်နယ်ဆေးရုံကို တင်ပို့ပြီး ဆေးဝါးကုသနေရပါတယ်လို့ သတင်းမှားတစ်ပုဒ် ထွက်ပေါ်လာပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး မဇ္စျိမကနေ စုံစမ်းစစ်ဆေးခဲ့ရာမှာ သတင်းဟာ မှားယွင်းနေပြီး လင်းဒိုင်းလက်ပံကျေးရွာမှာ ယခုလက်တလော ထိုကဲ့သို့ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်းမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ဆရာဒေါက်တာဇော်ဝေစိုးကပဲ အဆိပ်ခပ်ခိုင်းသလိုလိုနဲ့ စစ်တပ်ဖက်က လူတွေကဖွတယ်၊ တစ်ဖက်ကလဲ ပြန်ပြီးရေးကြတယ်၊ အဲ့ဒါမဟုတ်ဘူး ကြာပြီ အခုအဲ့လိုမျိုးဖြစ်စဉ် လုံးဝမရှိဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

၂၀၁၉ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့က လင်းဒိုင်းလက်ပံကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ သောက်သုံးရေအတွင်း စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာတချို့ ပါဝင်ခဲ့ရာမှ ကျောင်းသား၊ကျောင်းသူအချို့ မူးဝေအော့အန်ခဲ့တဲ့ ဖြစ်စဉ်မှ ဓာတ်ပုံတွေကို ပြန်လည်အသုံးပြုပြီး သတင်းအမှားဖန်တီးခဲ့တာလို့ စိစစ်တွေ့ရှိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly