အကောင့်များ ထိုးဖောက်ရန် တရုတ်နိုင်ငံသားတစ်ဦး အိန္ဒိယဆင်းမ်ကတ် ၁၃၀ဝ ကို တရုတ်သို့ ခိုးသွင်း

By Zee News
14 June 2021
အကောင့်များ ထိုးဖောက်ရန် တရုတ်နိုင်ငံသားတစ်ဦး အိန္ဒိယဆင်းမ်ကတ် ၁၃၀ဝ ကို တရုတ်သို့ ခိုးသွင်း

အိန္ဒိယနိုင်ငံ၊ တောင်ပိုင်းဘင်္ဂလားနယ်စပ် နယ်ခြားလုံခြုံရေးတပ် (BSF) တွင် ဖမ်းမိခဲ့သည့် မယ်ဒါခရိုင်မှ တရုတ်လူမျိုးတစ်ဦးက အံ့အားသင့်ဖွယ်ရာ ဖွင့်ဟမှုကို ပြုလုပ်ခဲ့သည်။

ဟန်ဂျန်ဝေအမည်ရှိ တရုတ်နိုင်ငံသားသည် ဇွန်လ ၁၀ရက်က မယ်ဒါခရိုင် ဆူတန်ပါ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အိန္ဒိယဘက်သို့ကူးလာစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းကို ဇွန်လ ၁၂ရက်က နယ်မြေခံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။

နာရီပေါင်းများစွာ သေချာစွာစစ်ဆေးမေးမြန်းပြီးနောက် စာရွက်စာတမ်းများအတုများဖြင့် ဝယ်ယူခဲ့ပြီး သူ၏ အောက်ခံ အဝတ်အစားများအတွင်း အိန္ဒိယဆင်းမ်ကတ် ၁၃၀ဝ ကျော်ကို ဝှက်၍ မှောင်ခိုကူးခဲ့ကြောင်း ဝန်ခံခဲ့သည်။

မှောင်ခိုကူးထားသော ဆင်းမ်ကတ်များကို နောက်ပိုင်းတွင် တရုတ်နိုင်ငံတွင် အသုံးပြုပြီး အိန္ဒိယအကောင့်များကို ထိုးဖောက်ဝင်ရောက်ရန်နှင့် အိန္ဒိယတွင် အခြားငွေရေးကြေးရေးဆိုင်ရာ လိမ်လည်မှုများပြုလုပ်ရန်အတွက် ဖြစ်သည်။

“ဟန်ဂျန်ဝေသည် အလိုရှိနေသော ရာဇဝတ်သားဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် တုန်လှုပ်စရာကောင်းသည့် အကြောင်းအရာများကို သိရှိခဲ့သည်။ အိန္ဒိယမှ စာရွက်စာတမ်းအတုများဖြင့် ယခုချိန်ထိ ဆင်းမ်ကတ် ၁၃၀ဝ ဝန်းကျင်ကို တရုတ်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်” ဟု တောင်ပိုင်းဘင်္ဂလားနယ်စပ် နယ်ခြားလုံခြုံရေးတပ်(BSF) မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟန်ဂျန်ဝေနှင့် လုပ်ဖော်ကိုင်ဖက်များသည် ဆင်းမ်ကတ်များကို အောက်ခံအဝတ်အစားများအောက်တွင် ဝှက်ပြီး တရုတ်ပြည်သို့ ပေးပို့ခဲ့သည်။

ယင်းဆင်းမ်ကတ်များဖြင့် အကောင့်များကို ဖောက်ထွင်းရန်နှင့် ငွေကြေးလိမ်လည်မှုများစွာပြုလုပ်ရန် အသုံးပြုခဲ့ကြသည်။ ရည်ရွယ်ချက်မှာ ဆင်းမ်ကတ်များကို အသုံးပြု၍ ငွေလွှဲသည့်စက်များမှ လူများ၏ ပိုက်ဆံကိုထုတ်ယူ လိမ်လည်ရန်အတွက်ဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း နိုင်ငံတကာရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ “ဟန်ဂျန်ဝေ ၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက် ဆန်ကျန်းကိုလည်း လက်ခနောင်း အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့က စွဲချက်များစွာဖြင့် ဖမ်းဆီးထားသည်။

ဟန်ဂျန်ဝေနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း လုပ်ထုံးလုပ်နည်းများအတိုင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required