တရုတ်တွင် မိမိတို့နှင့် တူညီသည့် တန်ဖိုးထားခြင်းမရှိဟု နေတိုးအဖွဲ့အကြီးအကဲ ပြောကြား

By ANI
12 June 2021
တရုတ်တွင် မိမိတို့နှင့် တူညီသည့် တန်ဖိုးထားခြင်းမရှိဟု နေတိုးအဖွဲ့အကြီးအကဲ ပြောကြား
Photo: EPA

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ အထွေထွေအတွင်းရေးမှုး ဂျန်းစ်စတိုတန်ဘာ့ဂ်က တရုတ်က မိမိတို့နှင့် တူညီသည့် တန်ဖိုးထားခြင်း မရှိကြောင်းကို ဟောင်ကောင်နှင့် ရှင်ကျန်းဒေသများတွင် ဖိနှိပ်မှုများပြုလုပ်နေခြင်းနှင့် ထိုင်ဝမ်အပေါ် ခြိမ်းခြောက်မှုများကို ကြည့်ခြင်းအားဖြင့် ယင်းအချက်ကို သိမြင်နိုင်ကြောင်း ဆိုသည်။

"မကြာခင် တရုတ်ပြည်က ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးဖြစ်လာမှာပါ။ ဒုတိယအကြီးမားဆုံး ကာကွယ်ရေး ဘတ်ဂျက် ရှိနေပြီး အကြီးမားဆုံး ရေတပ်နဲ့ အဆင့်မြင့်စစ်ရေးစွမ်းရည်တွေအတွက် အများအပြားရင်းနှီးမြှုပ်နှံနေပေမယ့် ကျွန်တော်တို့နဲ့ တူညီတဲ့ တန်ဖိုးတွေကိုတော့ မရှိပါဘူး" ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကို စတိုတန်ဘာ့ဂ်က ပြောကြားခဲ့သည်။

“ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြပွဲတွေကို နှိမ်နင်းတာတွေ၊ ဝီဂါ လူနည်းစုတွေကို ဘယ်လိုကိုင်တွယ်နေတယ်၊ အိမ်နီးချင်းတွေကို ဘယ်လို ဖိအားပေးနေတယ်ဆိုတာနဲ့ ထိုင်ဝမ်ကို ဘယ်လိုခြိမ်းခြောက်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ နိုင်ငံတကာအစီအစဉ်အတွက် ကြံ့ကြံ့ခံဖို့ လိုအပ်နေပြီး၊ အာရှပစိဖိတ်ဒေသမှာရှိတဲ့ သြစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဂျပန်အပါအဝင် မဟာမိတ်တွေနဲ့ ပိုမိုနီးကပ်စွာ လုပ်ကိုင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယနေ့ကမ္ဘာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ကြိုတင်ခန့်မှန်း၍ မရသည့် ကမ္ဘာကြီးတွင် နေထိုင်ရခြင်းဖြစ်သည်ကို အလေးထားပြောကြားခဲ့ပြီး နေတိုးအကြီးအကဲက ကွဲပြားခြားနားသော စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုအမျိုးမျိုးအတွက် နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်က အိမ်နီးချင်းတွေကို အကျပ်ကိုင်ပြီး စစ်ရေးစွမ်းရည်အသစ်တွေအတွက် အများအပြား ရင်းနှီးမြှုပ်နှံနေပါတယ်။ မကြာသေးခင်ကပဲ ဒီအမေရိကန်မှာ တွေ့ကြုံခဲ့ရသလိုပါပဲ နေတိုးမဟာမိတ်တွေကို ရှုပ်ထွေးဆန်းပြားသည့် ဆိုက်ဘာတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ပါတယ်” ဟု သူက ဆိုသည်။

“နေတိုးတပ်ဖွဲ့က စစ်ရေးမဟာမိတ်သက်သက်မျှသာမဟုတ်ဘဲ နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်ပြီး စစ်ရေးအရ အရေးယူဆောင်ရွက်လို့ မရရင်တောင်မှ ကျွန်တော်တို့က နိုင်ငံရေးအရ သွေးစည်းညီညွတ်ပါတယ်” ဟု သူက ဆိုသည်။

နေတိုး ၂၀၃၀ ရည်မှန်းချက်အရ နည်းပညာအခွင့်သာမှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် မဟာမိတ်များအကြား ဆန်းသစ်တီထွင်မှု ကွာဟချက်များကို ဖြည့်ဆည်းရန်အတွက် အတ္တလန္တိတ်ဖြတ်ကျော် ဆန်းသစ်တီထွင်မှုကိုမြှင့်တင်ရန် မျှော်လင့်သည်။

ဘိုင်ဒင်နှင့် အော်စတင်တို့သည် မြောက်အမေရိက အတ္တလန္တိတ်မဟာမိတ်အဖွဲ့၏ အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ပြီး အမေရိက စုပေါင်းကာကွယ်ရေးနှင့် အနာဂတ်၏ လိုအပ်ချက်များအရ သမိုင်းတွင် အအောင်မြင်ဆုံး မဟာမိတ်အဖွဲ့ဖြစ်ရန် အလေးပေးပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required