တရုတ်က ဒစ်ဂျစ်တယ်ငွေကြေးနှင့် ဆက်စပ်သည့် လူမှု့မီဒီယာအကောင့်များစွာကို ပိတ်ပင်

တရုတ်က ဒစ်ဂျစ်တယ်ငွေကြေးနှင့် ဆက်စပ်သည့် လူမှု့မီဒီယာအကောင့်များစွာကို ပိတ်ပင်

တရုတ်အစိုးရက ဒစ်ဂျစ်တယ်ငွေကြေး အရောင်းအဝယ် လုပ်ကိုင်သည်ကို အရှိန်မြှင့်နှိင်နင်းနေစဉ် တရုတ်နိုင်ငံ၏ တွစ်တာကဲ့သို့သော လူမှု့မီဒီယာဖြစ်သည့် Weibo တွင် ယင်းလုပ်ငန်းနှင့် ဆက်စပ်သည့် အကောင့်များစွာကို ပိတ်လိုက်သည်။

လေ့လာသုံးသပ်သူများနှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအရ တရုတ်တွင် တရားမဝင် ဒစ်ဂျစ်တယ် ငွေကြေးလုပ်ဆောင်မှုများအား ရာဇဝတ်မှုဥပဒေနှင့် ပိုမိုတရားစွဲခြင်းအပါအဝင် နောက်ထပ် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဟု မျှော်လင့်နေသည်။

မေလက တရုတ်နိုင်ငံတော်ကောင်စီ သို့မဟုတ် အစိုးရအဖွဲ့က ဒစ်ဂျစ်တယ်ငွေ ဖန်တီးရောင်းဝယ်ရေး လုပ်ငန်းများကို နှိမ်နင်းရန် ဆုံးဖြတ်ခဲ့ပြီး ယင်းလုပ်ငန်းနှင့်သက်ဆိုင်သည့် ဘဏ္ဍာရေးနှင့် ငွေပေးချေမှု ဝန်ဆောင်မှု လုပ်ငန်း ၃ ခုကို တားမြစ်ပိတ်ပင်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ဒစ်ဂျစ်တယ်ငွေကြေးကို ဆန့်ကျင်ရေးလှုပ်ရှားမှုကိုတိုးမြှင့်ခဲ့သည်။

ယခုသတင်းပတ်ကုန်တွင် ဒစ်ဂျစ်တယ်ငွေကြေးနှင့် ချိတ်ဆက်ထားသည့် Weibo အကောင့် များကို ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပြီး အကောင့်တစ်ခုစီသည် "ဥပဒေနှင့် စည်းမျဉ်းများကို ချိုးဖောက်သည်" ဟု အသိပေး ဖော်ပြခဲ့သည်။

"ဒါက ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အတွေးအမြင်ခေါင်းဆောင်တွေအတွက် အဆုံးသတ်နေ့ပါပဲ" ဟု Weiboဘစ်ကွိုင် ဝေဖန်သုံးသပ်သူ (သို့မဟုတ်) ထင်ရှားသည့် အမျိုးသမီး အတွေးအမြင်ခေါင်းဆောင်ဖြစ်ပြီး သူမကိုယ်သူမ Woman Dr. bitcoin mini ဟု ခေါ်သည်။ သူမ၏ အဓိက အကောင့်ကိုလည်း ဇွန်လ ၅ ရက်တွင် ပိတ်လိုက်သည်။

နယူးယောက် ဉပဒေကျောင်းမှ တွဲဖက်ပါမောက္ခ ဝင်စတန်မားက Tesla ကို တည်ထောင်သူနှင့် ဒစ်ဂျစ်တယ်ငွေကြေးဝါသနာအိုးဖြစ်သူ အီလွန်မက်ခ်ကို ရည်ညွှန်းပြီး “အီလွန်မက်ခ်လို လူမျိုး တရုတ်ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်မှာ မရှိပါဘူးဆိုတာကို အစိုးရက ရှင်းရှင်းလင်းလင်းပြောလိုက်တာပါပဲ”ဟု ပြောကြားခဲ့သည်။

“ ဒီဂျစ်တယ်စစ်ပွဲ” စာအုပ်၏ စာရေးဆရာ ဝင်စတန်မားက ဒစ်ဂျစ်တယ်ငွေကြေး ဖန်တီးရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများကို တရုတ်၏ တရားဥပဒေဆိုင်ရာခုံရုံးနှင့် ချိတ်ဆက်နိုင်ပြီး တရုတ်တရားရုံးချုပ်က တရားစီရင်ရေးဆိုင်ရာ အနက်ဖွင့်ဆိုချက်ကို မကြာမီထုတ်ပြန်ရန်မျှော်လင့်နေသည်။

ယင်းအမြင်ကို ဘဏ္ဍာရေးဆိုင်ရာစည်းကမ်းတင်းကျပ်ရေးအရာရှိတစ်ဦးက ထောက်ခံပြောဆိုပြီး ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်က ဒစ်ဂျစ်တယ်ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းများကို တရားမဝင်လုပ်ဆောင်မှုများဟု ရှင်းလင်းစွာ အဓိပ္ပာယ်သတ်မှတ်ရန် ပျက်ကွက်ခဲ့သည့် ဥပဒေကြောင်းအရ အနက်ထွေးပြားမှုကို ဖြေရှင်းလိမ့်မည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် ယခုအချိန်အထိ ဒစ်ဂျစ်တယ်ငွေကြေး ဆန့်ကျင်သည့် စည်းမျဉ်းစည်းကမ်းများအားလုံးကို အုပ်ချုပ်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly