ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ် ၂၃ ခုက ကျောင်းသားတွေဟာ အရေးကြီးတဲ့သတင်းအချက်အလက်ရရှိရေး ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။ ကျောင်းသား သတင်းသမားတွေရဲ့ သတင်းတွေကို အွန်လိုင်းကနေ newswire အဖြစ် စုစည်းပြီး သတင်းအချက်အလက်တွေကို တင်ဆက်ပေးနေတာပါ။ VOA သတင်းထောက် Mike O'Sullivan သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ဆက်ထားပါတယ်။