တရုတ် ငါးဖမ်းသင်္ဘောများက တရားမဝင် ငါးခိုးဖမ်းဟု တောင်ကိုရီးယား ပြောကြား

By Just Earth News
07 June 2021
တရုတ် ငါးဖမ်းသင်္ဘောများက တရားမဝင် ငါးခိုးဖမ်းဟု တောင်ကိုရီးယား ပြောကြား

တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အကြား မပြေလည်မှုများ ဖြစ်ပေါ်နေစဉ် တရုတ်သင်္ဘောအများအပြားသည် ပင်လယ်ဝါအတွင်းမှ မြောက်ဖက်ကန့်သတ်နယ်နမိတ်မျဉ်းအနီးသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု Daily Sun သတင်းစာတွင် ဖော်ပြထားသည်။

“အခုဝင်ရောက်မှုဟာ ယမန်နှစ်ကထက် ၃ ဆ ပိုများတယ်” ဟု ယွန်ပြောင်ကျွန်းရှိ ငါးဖမ်းအသင်းခေါင်းဆောင် ရှင်ယွန်ဂန်းက ပြောကြားသည်။

“မြောက်ဖက်ကန့်သတ်နယ်နမိတ်မျဉ်းအနီးမှာ တရုတ်ငါးဖမ်းသင်္ဘောအများအပြားကို ဒီကျွန်းကနေ အလွယ်တကူ မြင်တွေ့နိုင်ပါတယ်”

တောင်ကိုရီးယား သမုဒ္ဒရာနှင့် ရေလုပ်ငန်းဆိုင်ရာ ဝန်ကြီး ဆောင်ဟေယော့က တရားမဝင်ငါးဖမ်းဆီးခြင်းများကို လုံးဝတိုက်ဖျက်သွားရမည်ဟု ပြောကြားလိုက်သည်။စောင့်ကြည့် ထောက်လှမ်းရေး ပိုမိုလုပ်ဆောင်ရန် ဒရုန်းများနှင့် ဉာဏ်ရည်တု ထောက်လှမ်း‌ရေးစနစ်များကို အသုံးပြုသွားမည်ဟုလည်း သတိပေး ပြောကြားသည်။

လာမည့် လတွင် ကျင်းပမည် နှစ်နိုင်ငံ နှစ်ပတ်လည်အစည်းအဝေးတွင် တရားဝင်ငါးဖမ်းသင်္ဘောများ ဝင်ရောက်လာမှုကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ရေလုပ်ငန်းဝန်ကြီးဌာန အရာရှိတစ်ဦးက Daily Sun သတင်းစာသို့ ပြောကြားသည်။

“တရုတ်ငါးဖမ်းသင်္ဘောတွေ မိမိတို့ရဲ့ ရေပြင်အတွင်း တရားမဝင်ငါးဖမ်းတာ မလုပ်တော့အောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ တကယ်တော့ မြောက်ကိုရီးယားနဲ့ နယ်နမိတ်ကန့်သတ်မျဉ်းအနီးမှာ လှုပ်ရှားနေတဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေကိစ္စက မိမိတို့အနေနဲ့ ကိုင်တွယ်ဖို့ အနည်းငယ်ခက်ခဲပါတယ်။ ဒါကြောင့် တရုတ်အစိုးရကို တိုက်တွန်းနေရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly