ရန်ကုန်မြို့ကလူငယ်တွေရဲ့ စုပေါင်းပြောက်ကြားသပိတ်

07 June 2021
ရန်ကုန်မြို့ကလူငယ်တွေရဲ့ စုပေါင်းပြောက်ကြားသပိတ်

ရန်ကုန်မြို့ကလူငယ်တွေရဲ့ စစ်အာဏာရှင် ပြုတ်ကျရေး စုပေါင်းပြောက်ကြားသပိတ်ကို ဒီကနေ့ ဇွန်လ ၇ရက် မနက် ၉ နာရီခန့်က အလုံမြို့နယ် သစ်တောလမ်းမှာ ပြုလုပ်ခဲ့ပါတယ်။
အသံနဲ့အလံ ကြားတာနဲ့ ပူးပေါင်းပါဝင် ပေးကြဖို့နဲ့ သွေးမအေးသွားဖို့ကိုလဲ လူငယ်တွေက တောင်းဆိုထားကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါလ ၁ ရက်ကနေ မနေ့က ဇွန်လ ၆ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ၈၄၉ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly