အကြမ်းဖက်စစ်ကောင်စီက စည်းမဲ့ကမ်းမဲ့ပစ်လို့ ကျုံပျော်မြို့နယ်မှာ ပျောက်ဆုံးနဲ့ ကျဆုံး ပြည်သူ အယောက် ၂၀ ထက်မနည်းရှိ

05 June 2021
အကြမ်းဖက်စစ်ကောင်စီက စည်းမဲ့ကမ်းမဲ့ပစ်လို့ ကျုံပျော်မြို့နယ်မှာ ပျောက်ဆုံးနဲ့ ကျဆုံး ပြည်သူ အယောက် ၂၀ ထက်မနည်းရှိ

အကြမ်းဖက်စစ်ကောင်စီက စည်းမဲ့ကမ်းမဲ့ပစ်လို့ ကျုံပျော်မြို့နယ်မှာ ပျောက်ဆုံးနဲ့ ကျဆုံး ပြည်သူ အယောက် ၂၀ ထက်မနည်းရှိပြီး ရွာပေါင်း ၅ ရွာကပြည်သူတွေလည်း ထွက်ပြေးနေရပါတယ်။ 
အနီးကပ်တိုက်ပွဲပုံစံမျိုးအထိဖြစ်ခဲ့ပြီး ပြည်သူ ၂၀ ဦးထက်မနည်းကျတယ်လို့ပြောနေကြပေမယ့် အဲ့ဒီ့ထဲမှာပျောက်ဆုံးစရင်းပါ ပါနေလို့ အတည်တော့ယူလို့မရသေးဘူးလို့ လှေဆွဲကျေးရွာသားတစ်ယောက်ကပြောပါတယ်။
 ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာမှာ ဒလန်တစ်ယောက်က လက်လုပ်သေနတ်တွေရှိနေတယ်လို့ ရဲနဲ့စစ်တပ်ကို သတင်းပေးခဲ့လို့ အကြမ်းဖက်စစ်အုပ်စုက ၀င်ရောက်ရှာဖွေချိန်မှာ ဒေသခံတွေနဲ့တိုက်ပွဲပုံစံဖြစ်ပွားခဲ့တာပါ။ 
တကယ်တန်း အိမ်ခြေ ၇၀ လောက်သာရှိတဲ့ လှေဆွဲကျေးရွာမှာလက်နက်တွေမရှိလို့ ရွာသားတွေက ရရာလက်နက်တွေဖြစ်တဲ့ လေးဂွတွေ တုတ်တွေနဲ့ နဲ့ ပြန်လည်ခုခံခဲ့ကြရတာတာလည်းဖြစ်ပါတယ်။ မဇ္ဈိမကဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly