ဩစတြေးလျက တရုတ်ကို အခွန်ပြဿနာအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားရန် အသင့်ဖြစ်နေ

ဩစတြေးလျက တရုတ်ကို အခွန်ပြဿနာအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားရန် အသင့်ဖြစ်နေ

ဝိုင်တင်ပို့သူများနှင့် ဆွေးနွေးပြီးနောက် ဩစတြေးလျက တရုတ်နှင့် ဒေါ်လာ ၂၀ ဘီလျံတန်ဖိုးရှိ ကုန်သွယ်ရေး အငြင်းပွားမှု ပြဿနာအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် ဒုတိယမြောက် ပြဿနာအဖြစ် တိုင်ကြားရန် စီစဉ်လျှက်ရှိကြောင်း မီဒီယာသတင်းများက မေ ၃၀ ရက်တွင် ဖော်ပြသည်။

ဩစတြေးလျမှ တင်သွင်းသည့် အခွန်များကို ၁၀၇ မှ ၂၀၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ယူခဲ့သောကြောင့် ဝိုင်ထုတ်လုပ်သူများ အခက်အခဲ ကြုံတွေ့ကာ တင်ပို့မှုလည်း ရပ်ဆိုင်းခဲ့သည်။

ယခုအခါ ဩစတြေးလျအစိုးရသည် ဝိုင်လုပ်ငန်းရှင်များနှင့် ကနဦးအဆင့် ဆွေးနွေးပြီးနောက် ယင်းပြဿနာကို WTO တိုင်ကြားရန် လာမည့် သီတင်းပတ်အတွင်းဆုံးဖြတ်သွားမည်ဟု The Sydney Morning Herald သတင်းစာတွင် ဖော်ပြသည်။

လာမည့်သီတင်းပတ်အတွင်း ဝိုင်အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ WTO အား တရုတ်သို့ တို်ငကြားရန် ဆုံးဖြတ်မည့် အလားအလာများကြောင်း သတင်းစာ၏ ဖော်ပြချက်ကို အစိုးရအကြီးတန်းအရာရှိများက အတည်ပြုပြောကြားသည်။

ဩစတြေးလျနိုင်ငံမှ ဘာလီစေ့များကို တရုတ်က အခွန်ကောက်ခံသည့် ပြဿနာအား ဖြေရှင်ပေးမည့်အဖွဲ့ဖွဲ့စည်းပေးရန် WTO သို့ ဩစတြေးလျက ပထမအကြိမ်တိုင်ကြားခဲ့ပြီးနောက် နောက်ထပ်ပြဿနာအား တိုင်ကြားရန် လုပ်ဆောင်နေကြောင်း ကုန်သွယ်ရေးဝန်ကြီး ဒန်တီဟန်က မေ ၂၈ ရက်တွင် ပြောကြားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဘာလီစေ့ တင်ပို့မှုဆိုင်ရာ ပြဿနာကို တရုတ်နှင့် ဖြေရှင်းမည့် လမ်းကြောင်းအား ဖွင့်ထားသလို ဩစတြေးလျဘာလီ ထုတ်လုပ်သူများ၏ အကျိုးစီးပွားကို WTO မှတစ်ဆင့် ဆက်လက် ကာကွယ်ပေးသွားမည်ဟု တီဟန်က ပြောကြားသည်။

“WTO မှာ နောက်တစ်ဆင့်ကို ဖြေရှင်းဖို့ အဖွဲ့ဖွဲ့တာပါ။ အဖွဲ့ဝင်တွေကို ခန့်အပ်ပြီး အငြင်းပွား ပြဿနာကို ဖြေရှင်းဖို့ ဆက်လက်လုပ်ဆောင်ပါမယ်” ဟု တီဟန်၏ ပြောကြားချက်ကို The Sydney Morning Herald သတင်စားတွင် ဖော်ပြခဲ့သည်။

WTO တွင် တရုတ်ကို တိုင်ကြားထားကြောင်း ဩစတြေးလျက ပထမဆုံးအကြိမ်အဖြစ် ယမန်နှစ်အတွင်း ကြေညာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly