ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ စစ်အာဏာရှင်ဖြုတ်ချရေး ပြောက်ကြားသပိတ် စတင်ချိန်မှာပဲ စစ်ကောင်စီတပ်တွေရောက်လာလို့ အချိန်မီလူစုခွဲလိုက်ရပြီး ဖမ်းဆီးခံရသူတွေ မရှိခဲ့ဘူးလို့ ဆန္ဒပြပွဲမှာ ဦးဆောင်သူတွေက ပြောပါတယ်။
စစ်အာဏာရှင် ဖြုတ်ချရေး၊ ဒီမိုကရေစီရရှိရေး တောင်းဆိုတဲ့ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းပြီးနောက် ရန်ကုန်မြို့မှာ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြသပိတ်တွေ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့နယ်လယ်မှာ မနေ့က (ဇွန်လ ၃ ရက်) ပြုလုပ်တဲ့ စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြစစ်ကြောင်း လူစုခွဲခါနီးမှာ စစ်ကောင်စီတပ်တွေရောက်လာပြီး လူငယ်တစ်ဦး ရိုက်နှက်ဖမ်းဆီးတာ ခံလိုက်ရပါတယ်။
ပေးပို့သူ- (CJ)