“တောင်တန်းပြည်မ ညီညွတ်ကြသည်”ဆိုတဲ့ ရန်ကုန်သပိတ်

03 June 2021
“တောင်တန်းပြည်မ ညီညွတ်ကြသည်”ဆိုတဲ့ ရန်ကုန်သပိတ်

“တောင်တန်းပြည်မ ညီညွတ်ကြသည်”ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ရန်ကုန်မြို့က လူငယ်တွေစုပေါင်းပြီး ဒီကနေ့ ဇွန်လ ၃ ရက် မနက် ရှစ်နာရီကျော်က ဆန္ဒပြခဲ့ကြတာပါ။
အဲ့ဒီ ပျောက်ကြားသပိတ်မှာ လူဦးရေ (၃၀၀)နီးပါးပါဝင်ပြီး ရန်ကုန်မြို့ မြို့လယ် အနော်ရထာလမ်း တစ်လျှောက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လူငယ်တွေက တိုင်းရင်းသားရိုးရာ ဝတ်စုံတွေ ဝတ်ဆင်ပြီး "တောင်တန်း ပြည်မ ညီညွတ်ကြ၊ တော်လှန်စစ်ပွဲ တို့ဆင်နွှဲ ၊ ဖက်စစ် စစ်တပ်အမြစ်ဖြတ် " ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲဟာ ယခုရက်ပိုင်း ရန်ကုန်မြို့မှာပြုလုပ်ခဲ့သမျှ ပျောက်ကြားသပိတ်ဆန္ဒပြပွဲတွေအတွင်း လူအင်အားအများဆုံးဖြစ်ခဲ့ပြီး လူဦးရေ ၃၀၀နီးပါရှိခဲ့တယ်လို့ သိရပါတယ်။
လူစုခွဲနေချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့တွေ လာရောက်ဖမ်းဆီးတဲ့အတွက် လူငယ်အချို့ ဖမ်းဆီးခံခဲ့ရတယ်လို့သိရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly