တရုတ်နိုင်ငံကို မပြောင်းလဲပါက မိမိတို့ ပြောင်းလဲခံရမည်ဟု တိဘက်အဝေးရောက် သမ္မတပြောကြား

By India Blooms News Service
02 June 2021
တရုတ်နိုင်ငံကို မပြောင်းလဲပါက မိမိတို့ ပြောင်းလဲခံရမည်ဟု တိဘက်အဝေးရောက် သမ္မတပြောကြား

လာဆာ

တရုတ်နိုင်ငံ၏ ရန်လိုသည့် လုပ်ရပ်များနှင့် ပတ်သက်၍ တိဘက်အဝေးရောက် သမ္မတ လော့ဘ်ဆန် ဆန်ဂေးက ၎င်း၏ ပြည်သူများနှင့် ကမ္ဘာ့နိုင်ငံများအား သတိပေးပြောကြားလိုက်သည်။

တရုတ်အစိုးရက အနိုင်ကျင့် နှိပ်စက်မှုများကို တိုးမြှင့် လုပ်ဆောင်နေပြီး တိဘက်လူမျိုး ၅ သိန်းခန့်သည် လူမျိုးသုဉ်းသတ်ဖြတ်ရန် စနစ်တကျလုပ်ဆောင်သည့် အစိတ်အပိုင်းအဖြစ် ထူထောင်ထားသည့် အလုပ်ကြမ်းစခန်းများတွင် ဖမ်းဆီးခံထားရကြောင်း Fox News တွင် ဖော်ပြသည်။

တိဘက်လူမျိုးများအပေါ် တရုတ်၏ ရပ်တည်ချက်နှင့် ပတ်သက်၍ Fox News က မေးမြန်းရာတွင် “သူတို့က တိဘက်ကို တရုတ်ပြည်နယ်တစ်ခုအဖြစ် ထားချင်ပြီး တိဘက်တွေကို တရုတ်အဖြစ် ပြောင်းပစ်ချင်ပါတယ်” ဟု ပြောကြားသည်။

“တရုတ်နဲ့ ပတ်သက်လို့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက ခင်ဗျားတို့က တရုတ်ကို မပြောင်းလဲနိုင်ရင် တရုတ်က ခင်ဗျားတို့ကို ပြောင်းလဲပစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

၁၉၅၀ ပြည့်နှစ်တွင် သိမ်းပိုက်ပြီးချိန်မှစ၍ တရုတ်တို့သည် တိဘက်ဗုဒ္ဓဘာသာကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required