တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးဖို့ စီစဉ်နေတဲ့ Korea Safe Zone Project အတွက် ထိုင်းနိုင်ငံအစိုးရနဲ့ ညှိနှိုင်းနေဆဲဟု ဒေါက်တာ ဝင်းမြတ်အေး ပြောကြား

02 June 2021
တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးဖို့ စီစဉ်နေတဲ့ Korea Safe Zone Project အတွက် ထိုင်းနိုင်ငံအစိုးရနဲ့ ညှိနှိုင်းနေဆဲဟု ဒေါက်တာ ဝင်းမြတ်အေး ပြောကြား

ဇွန်လ၊ ၁ ရက်၊ ရန်ကုန်

တောင်ကိုရီးယားနိုင်ငံရဲ့ စီမံမှုနဲ့ မြန်မာ - ထိုင်းနယ်စပ်မှာ ဆောင်ရွက်မယ့် Korea Safe Zone (KSZ Project) အတွက် နေရာထိုင်ခင်းနဲ့ လုံခြုံရေးက အရေးကြီးတာကြောင့် ထိုင်းနိုင်ငံဘက်မှာရှိတဲ့ နယ်စပ်ဒေသမှာ ဆော က်လုပ်နိုင်ဖို့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ ဒေါက်တာဝင်းမြတ်အေးက အွန်လိုင်းအစည်းအဝေးတခုမှာ ပြောကြားခဲ့ပါတယ်။

Korea Safe Zone Project ကို ယခင်က ကုန်စည်စီးဆင်းမှု မြန်ဆန်တဲ့ ထိုင်း - မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီ - မယ်ဆောက်တလျှောက်မှာ ကမ့်ပုံသဏ္ဍာန် ဆောက်လုပ်ဖို့ အစီအစဉ်ရေးဆွဲထားခဲ့ပေမယ့် မြန်မာပြည်ထဲမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေတွေက လုံခြုံစိတ်ချရတဲ့ အနေအထားမျိုးမှာ မရှိနေတာကြောင့် ထိုင်းဘက်အခြမ်းက နယ်စပ်ဒေသမှာ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတာလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly