ကုန်သွယ်ရေးတွင် တရုတ်က “အာဃာတ” ထားတတ်ကြောင်း သြစတြေးလျသံအမတ်ကြီး ပြောကြား

ကုန်သွယ်ရေးတွင် တရုတ်က “အာဃာတ” ထားတတ်ကြောင်း သြစတြေးလျသံအမတ်ကြီး ပြောကြား

နှစ်နိုင်ငံ သံတမန်ရေးဆက်ဆံရေးတင်းမာနေသည့်အချိန်တွင် သြစတြေးလျ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် တရုတ်က “အာဃာတ” ဖြင့် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး ဂရေဟမ်ဖလက်ချာက ပြောကြားလိုက်သည်။

“အားထားရတဲ့ ကုန်သွယ်ဖက်အနေနဲ့ တရုတ်ကို သတ်မှတ်လို့မရဘူး၊ အာဃာတကြီးတယ်ဆိုတာကို ဖော်ပြနေတာပါ” ဟု ဂရေဟမ်ဖလက်ချာက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး ဂရေဟမ်ဖလက်ချာက ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်ခ်တစ်ခုမှတဆင့် သြစတြေးလျစီးပွားရေးလုပ်ငန်းများနှင့် စကားပြောဆိုစဉ်တွင် တရုတ်၏အပြုအမူကို သတိကြီးစွာအကဲဖြတ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“သြစတြေးလျနဲ့ နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ ထိခိုက်မှုတွေကို တရုတ်က သိမယ်မထင်ဘူး” ဟု ဂရေဟမ်ဖလက်ချာက သြစတြေးလျတရုတ်စီးပွားရေးကောင်စီသို့ ပြောကြားခဲ့သည်။

နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူများက သြစတြေးလျ၏ တရုတ်နှင့် ကုန်သွယ်မှုသည် စက်မှုလုပ်ငန်းအားလုံးနီးပါးတွင် ကျဆင်းသွားကြောင်းအတည်ပြုခဲ့ပြီး ယင်းတို့ တရုတ်မှ သံမဏိကုန်ကြမ်းမှာယူမှု အများဆုံးပါဝင်ကြောင်း ABC News က သတင်းဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ၉လတာကာလအတွင်း တရုတ်အစိုးရက သြစတြေးလျစီးပွားရေးလုပ်ငန်းအများအပြားကို ပစ်မှတ်ထားခဲ့ရာတွင် မုယော၊ ကျောက်မီးသွေး၊ သစ်နှင့် ကျောက်ပုဇွန်လုပ်ငန်းတို့ပါဝင်ပြီး တရုတ်က အငြင်းပွားမှုများအတွက် သြစတြေးလျအစိုးရကို ဖိအားပေးရန် ကြိုးပမ်းခြင်းဖြစ်သည်။

၂၀၂၀ပြည့်နှစ်က စတင်ခဲ့သော သြစတြေးလျစပျစ်ဝိုင်အခွန်အခများသည် ရက်အနည်းငယ်အတွင်း တိုးမြှင့်လာမည်ဟု ဝိုင်လုပ်ငန်းရှင်များက ယုံကြည်သော်လည်း ၂၀၂၁ခုနှစ်အတွင်း စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ မချမှတ်သေးပေ။

တရုတ်စီးပွားရေးအပေါ်အလွန်အမင်းမှီခိုအားထားနေရသော သြစတြေးလျစီးပွားရေးလုပ်ငန်းများကိုလည်း သံအမတ်ကြီးက သတိပေးခဲ့ပြီး အစိုးရမှညွှန်ကြားထားသည့် စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ စည်းရုံလှုံ့ဆော်မှုများ မလိုက်နာပါက ကျန်ရစ်ခဲ့မည်ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly