လူမျိုးသုဉ်းသတ်ဖြတ်သည့် အဓိပွါယ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဂျာမနီနိုင်ငံသားများကို မေးခွန်းထုတ်

By The Sydney Morning Herald
01 June 2021
လူမျိုးသုဉ်းသတ်ဖြတ်သည့် အဓိပွါယ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဂျာမနီနိုင်ငံသားများကို မေးခွန်းထုတ်

လူ့အခွင့်အရေး ချိုးဖောက်ခြင်းကြောင့် အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှု ချမှတ်ခြင်းသည် ဥရောပနယ်ချဲ့များက အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားလိုက်ပြီး လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုသော အဓိပ္ပါယ်အား ၎င်းက ဂျာမန်လူမျိုးများကို မေးမြန်းလိုက်သည်။

နာဇီတို့က ဂျူးများကို သတ်ဖြတ်ခဲ့သည့် Holocaust ဖြစ်ရပ်အား သံတမန်ရေးတွင်အသုံးချခြင်းသည် တရုတ်က မြေခွေးကဲ့သို့ တိုက်ခိုက်သည့် နိမ့်ကျသည့် သံတမန်နည်းလမ်းကို လက်လွတ်စပယ်အသုံးချခြင်းသာ ဖြစ်ကြောင်း ဥရောပပါလီမန်ဆိုင်ရာ ဂျာမနီအကြီးတန်းအရာရှိ ရီအင်ဟာ့ဒ်ဘီတီကိုဖာက ပြောကြားသည်။

ရှင်ကျန်းဒေသရှိ ဝီဂါမွတ်စလင်များကို တရုတ်အစိုးရက လူမျိုးသုဉ်း သတ်ဖြတ်နေကြောင်း အမေရိကန်က စွပ်စွဲပြီးနောက် ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က တရုတ်အရာရှိများကို မတ်လအတွင်းက ပိတ်ဆို့အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်။

ဗြိတိသျှလွှတ်တော် ကိုယ်စားလှယ်များနှင့်၊ တရုတ်နှင့် လွှတ်တော်အချင်းချင်း မဟာမိတ်တွင် ပါဝင်သည့် ကိုယ်စားလှယ်များကိုလည်း တရုတ်အစိုးက လက်စားခြေ၍ ပိတ်ဆို့ရေးယူမှုလုပ်ဆောင်ခဲ့သည်။

လက်တုံ့ပြန်သည့်အနေဖြင့် အီးယူ-တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုရန် ဆိုင်းငံ့လိုက်သည်။

ဝမ်ယိက ဂျာမနီအခြေစိုက် မြူနစ်လုံခြုံရေးညီလာခံသို့ အွန်လိုင်းမှတစ်ဆင့် ပြောကြားရာတွင် ပိတ်ဆို့အရေးယူမှုများသည် တရုတ်နိုင်ငံ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း မှတ်ချက်ပြုခဲ့သည်။

“တစ်ဖက်နဲ့ တစ်ဖက် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နေမယ်ဆိုရင် ကောင်းမွန်တဲ့ မဟာဗျူဟာ လက်တွဲ ဆောင်ရွက်မှုတွေ ဖြစ်လာနိုင်မလား။ အီးယူက မိမိတို့နိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တဲ့အခါ တုန်လှုပ်မိပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေကို ချမှတ်တဲ့အခါ ဥရောပနယ်ချဲ့တွေက အနိုင်ကျင့်နေပြီလို့ တရုတ်ပြည်သူတွေကို သတိပေးလိုက်တာပါ။ မိမိတို့အနေနဲ့ အမျိုးသားရေးဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်” ဟု ဝမ်ယိက ပြောကြားခဲ့သည်။

ဝီဂါမွတ်စလင်တစ်သန်းခန့်သည့် ရှင်ကျန်းဒေသရှိ ပြန်လည်ပညာပေးရေးစခန်းများတွင် ဖမ်းဆီးခံထားရကြောင်း ခန့်မှန်းထားသော်လည်း ၎င်းတို့အား အတင်းအဓမ္မခိုင်းစေခြင်းနှင့် အမျိုးသမီးများကို အလိုမတူဘဲ သားကြောဖြတ်ခြင်းကဲ့သို့ ဖိနှိပ်မှုများ လုပ်ဆောင်ခြင်း မရှိကြောင်း ဝမ်ယိက ငြင်းဆိုထားသည်။

ယင်းစခန်းများတွင် ဖမ်းဆီးခံခဲ့ရသည့် ဝီဂါအမျိုးသမီးများက ၎င်းတို့အား ဗလက္ကာရပြုကျင့်ခြင်း၊ အဓမ္မအနိုင်ကျင့်ခြင်းနှင့် နှိပ်စက်ခြင်းများ ပြုလုပ်ခံရပုံကို ပြန်လည်ပြောကြားထားသည်။ ယင်းစခန်းများကို လွတ်လပ်စွာ စုံစမ်းခွင့်ပြုရေးကို တရုတ်အစိုးရက ခွင့်မပြုသလို အဓမ္မလုပ်ဆောင်မှုများ မရှိကြောင်းကိုလည်း ငြင်းဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required