ဂွင်ကြီးကြီးမိနေကြတဲ့ ပဲခူးလဝက

ဂွင်ကြီးကြီးမိနေကြတဲ့ ပဲခူးလဝက

မေ ၂၉

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအတွက်ကတော့ ဂွင်ကောင်းနေပါတယ်။ 

နိုင်ငံသားကဒ်မရှိသူတွေ ခရီးသွားရင် ဖမ်းဆီးစစ်ဆေးငွေတောင်းတာတွေလုပ်နေတော့ ပဲခူးလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှာ မှတ်ပုံတင်အသစ်လျှောက်သူတွေ၊ ကဒ်လဲတာတွေ၊ ပျောက်ဆုံးလျှောက်တာတွေကများလာနေတာကို သူတို့က အခွင့်ကောင်းယူလာကြတာဖြစ်ပါတယ်။

ကျွန်တော်က ပြီးခဲ့တဲ့အပတ်မှာ မှတ်ပုံတင်သွားထုတ်တာ၊ အရင်အစိုးရလက်ထက်ကတည်းကလုပ်ထားတာ၊ အခုရပြီဆိုတော့သွားထုတ်တာကို မထုတ်ပေးနိုင်ဘူး၊ အစကပြန်လုပ်ရမယ်လို့ပြောတယ်။ ကျနော်တို့က သွေးနှောဆိုတော့ အများကြီးပြဿနာရှာတယ်။ ကဒ်ကရပြီးဆိုတာ ဘာလို့ပြန်လုပ်ရမလဲမေးတော့ ဦးကျော်သူဇင်ဆိုတဲ့ လက်ထောက်လဝကမှူးက စစ်တပ်ကအုပ်ချုပ်နေတာ ဘယ်ကောင်မှစောက်ဂရုစိုက်စရာမလိုဘူး၊ ငါပြောသလိုလုပ် မကျေနပ်ရင်မလုပ်နဲ့ တောင်းရင်ပေးလိုက်ဆိုပြီး အကျယ်ကြီးအော်ပြောတယ်ဗျာ။ ရုံးမှာရောက်နေတဲ့ ပြည်သူတွေအကုန်ကြားတယ်။ အဲ့ကဒ်ရဖို့ တစ်သိန်းသူ့ကိုပေးထားခဲ့ရတယ်။

ကျွန်တော်တို့ ပဲခူးလဝကကတော့ မှတ်ပုံတင်လုပ်ရင် အနည်းဆုံး တစ်သိန်းပဲ၊ တစ်ချို့ သိန်းဆယ်ဂဏန်းအထိပေးမှ ကဒ်ရတယ်ခင်ဗျာ။

( စာဖတ်ပရိတ်သတ်ကြုံနေသည်များကို ရင်ဖွင့်တိုင်တန်းလိုလျှင် အယ်ဒီတာ့ထံပေးစာ [email protected] သို့ ပေးပို့နိုင်ပါသည်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly