တရုတ်မြို့ကြီးများတွင် သက်ကြီးရွယ်အို အရေအတွက် တိုးလာမှု ပြဿနာဖြစ်နေ

တရုတ်မြို့ကြီးများတွင် သက်ကြီးရွယ်အို အရေအတွက် တိုးလာမှု ပြဿနာဖြစ်နေ

နိုင်ငံအဝှမ်း ၇ ကြိမ်မြောက် သန်းခေါင်စာရင်းကောက်ယူမှုအပြီးတွင် တရုတ်မြို့များ၏ လူဦးရေဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာခဲ့ရာ၌ ပေကျင်းနှင့် ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများတွင် အသက်အရွယ်ကွာခြားမှု သိသာများပြားနေသည်ဟု Global Times သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါသန်းခေါင်စာရင်းအရ မြို့ကြီးများတွင် သက်ကြီးရွယ်အိုအရေအတွက် တိုးလာသည့် ပြဿနာနှင့်ရင်ဆိုင်နေရပြီး တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် မြင့်မားနေသည်။

မြို့တော်အတွင်း အသက် ၆၀ နှင့်အထက် အရေအတွက်သည် ၄ ဒသ၂၉ သန်းရှိခဲ့ပြီး တစ်နိုင်ငံလုံးပျမ်းမျှနှုန်းထက် ဝဒသမ ၉ ရာခိုင်နှုန်းမြင့်နေခဲ့သည်ဟု ပေကျင်းမြူနီစီပယ်အစိုးရက မေလ ၁၉ရက်တွင် ဖော်ပြခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ကောက်ယူခဲ့သော ၆ ကြိမ်မြောက် သန်းခေါင်စာရင်းမှ အချက်အလက်များနှင့် နှိုင်းယှဉ်ပါက သက်ကြီးရွယ်အိုအရေအတွက်သည် ၇ ဒသ၁ ရာခိုင်နှုန်းတိုးလာသည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။

၂၀၂၀ ပြည့်နှစ်တွင် သန်းခေါင်စာရင်းကောက်ယူပြီးနောက်တွင် တရုတ်အစိုးရသည် ၂၀၁၁ ခုနှစ် မှ ၂၀၁၉ခုနှစ် အထိ မွေးဖွားမှုအချက်အလက်များကို ညှိယူခဲ့ပြီး စုစုပေါင်းလူဦးရေ၏ နမူနာပုံစံငယ်တွင် အခြေခံခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အများ၏ လူဦးရေဆိုင်ရာအချက်အလက်များကို ပြန်လည်သုံးသပ်ခဲ့ရာတွင် လူဦးရေတိုးတက်မှုနှုန်း ကျဆင်းခြင်းကို စိုးရိမ်ဖွယ်ရာ တွေ့ရှိခဲ့ကြောင်း Nikkei Asia တွင် သတင်းဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ကလေးအရေအတွက်သည် လွန်ခဲ့သည့်နှစ်များအတွင်း မွေးဖွားခဲ့သည့် ကလေးသူငယ်အရေအတွက်ထက် များစွာ ပိုမိုများပြားသည်ကို သံသယရှိပြီးနောက်လူဦးရေ အချက်အလက် ပြန်လည်သုံးသပ်ခြင်းကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ စုစုပေါင်းလူဦးရေ၊ မွေးဖွားမှုနှင့် မြို့ပြနေထိုင်မှုနှုန်းကဲ့သို့သော အရေအတွက် ကိုပြန်လည်စစ်ဆေးရန် အမျိုးသားစာရင်းအင်းဗျူရိုက လုပ်ဆောင်နေကြောင်း ပြောရေးဆိုခွင့်ရှိသူ ဖူလင်းဟွေ က ပြောကြားခဲ့သည်။

မွေးဖွားမှုနှုန်းသည် တစ်နှစ်လျှင်ပျမ်းမျှတစ်သန်းခန့် တိုးလာလိမ့်မည်ဟု ၎င်းက ပြောကြားပြီး ကိုးနှစ်တာကာလအတွင်း ၆ ရာခိုင်နှုန်း တိုးတက်မှုနှုန်းနှင့် ညီမျှသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly