အမေရိကန်က တရုတ်ကို လျှို့ဝှက်ထောက်လှမ်းရန် ဒရုန်းများ ပိုမိုအသုံးပြုလာဖွယ်ရှိ

By Just Earth News
27 May 2021
အမေရိကန်က တရုတ်ကို လျှို့ဝှက်ထောက်လှမ်းရန် ဒရုန်းများ ပိုမိုအသုံးပြုလာဖွယ်ရှိ

ဝါရှင်တန်

အမေရိကန်အနေဖြင့် တရုတ်ကို လျှို့ဝှက်ထောက်လှမ်းရာတွင် မောင်းသူမဲ့ ဒရုန်းများအသုံးပြုလာဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ယုံကြည်လျှက်ရှိသည်။

ဒေသတွင်း နှစ်နိုင်ငံအကြား စစ်ရေး တင်းမာမှုသည် နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိနေသောကြောင့် တရုတ်နိုင်ငံဝန်းကျင် ကောင်းကင်ယံတွင် အမေရိကန်၏ မောင်းသူမဲ့ ဒရုန်းများ ပိုမိုမြင်တွေ့လာဖွယ်ရှိကြောင်း ပညာရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ South China Morning Post သတင်းဌာနက ဖော်ပြသည်။ အမြင့်နှင့် အဝေးပျံ (HALE) မောင်းသူမဲ့ ဝေဟင်ယာဉ်များ(UAVs) ကို ပထမဆုံးကြိမ်အဖြစ် ဂျပန်နိုင်ငံသို့လည်း ပို့ထားကြောင်း အဆိုပါ သတင်းတွင် ပါရှိသည်။

“Triton တွေဟာ လက်နက်မဲ့၊ မောင်းသူမဲ့ ဝေဟင် စစ်ဖက်ထောက်လှမ်းရေး စနစ်တစ်ခုဖြစ်ပါတယ်။ ဂျပန်နဲ့ အမေရိကန်တို့အကြား မဟာမိတ်ဆက်ဆံရေးမှာ ပင်လယ်ပြင် ထောက်လှမ်းရေး စွမ်းရည်ကို ပိုမိုကောင်းမွန်စေမယ့် စနစ်ဖြစ်ပါတယ်” ဟု အဆိုပါသတင်းစားတွင် ရေးသားထားသည်။

အမေရိကန်နှင့် တရုတ်တို့အကြား ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်များအတွင်း ကျဆင်းသွားခဲ့ပြီး ကိုဗစ်-၁၉ ပျံ့နှံ့မှုအပါအဝင် ကိစ္စအများအပြားတွင် အပြန်အလှန် စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly