လက်ထောက်နည်းပြ ဦးကျော်လွင်ကို နည်းပြချုပ်ခန့်ရန် ဧရာဝတီလျာထား

လက်ထောက်နည်းပြ ဦးကျော်လွင်ကို နည်းပြချုပ်ခန့်ရန် ဧရာဝတီလျာထား
ဧရာဝတီလက်ထောက်နည်းပြ ဦးကျော်လွင်။ (ဓာတ်ပုံ- ဧရာဝတီ)

ဒီဇင်ဘာ ၃၊ ရန်ကုန်။             ။ ၂၀၁၅ဘောလုံးရာသီကအသင်းကို ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ချန်ပီယံဖြစ်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မက်ဆီဒိုးနီးယားလူမျိုးနည်းပြ မာယန်နှင့် လမ်းခွဲခဲ့ပြီးနောက် ဧရာဝတီအသင်းသည် လက်ထောက်နည်းပြ ဦးကျော်လွင်ကို နည်းပြချုပ်အဖြစ်ခန့်အပ်ရန် လျာထားသည်။

ဦးကျော်လွင်မှာ နေပြည်တော်အသင်းမှ ဧရာဝတီအသင်းသို့ ၂၀၁၅ဘောလုံးရာသီတွင်ပြောင်းရွှေ့လာပြီး နောက် နည်းပြချုပ် မာယန်နှင့်အတူပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

“ကျွန်တော်တို့အသင်းအတွက် ပြည်တွင်းနည်းပြတစ်ဦးရှာဖွေနေပါတယ်။ တကယ်လို့ နည်းပြရှာတာအဆင်မပြေဘူးဆိုရင် လက်ထောက်နည်းပြ ဦးကျော်လွင်ကိုပဲ နည်းပြခန့်ဖို့လျာထားပါတယ်။”ဟု ဧရာဝတီအသင်းအုပ်ချုပ်သူ ဦးမျိုးဝင်းကပြောသည်။

ဧရာဝတီအသင်းသည် လာမည့်နှစ်ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲ သုံးရပ်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly