အာသံပြည်နယ်၏ လက်နက်ကိုင်တိုက်ပွဲများ မကြာမီ ပြီးဆုံးဖွယ်ရှိ

By India Blooms
24 May 2021
အာသံပြည်နယ်၏ လက်နက်ကိုင်တိုက်ပွဲများ မကြာမီ ပြီးဆုံးဖွယ်ရှိ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ သဘာဝရင်းမြစ်များ ကြွယ်ဝသည့် ပြည်နယ် ၇ ခုအနက် လူဦးရေအများဆုံးရှိသည့် အာသံပြည်နယ်သည် ဒေသ၏ အခြားပြည်နယ်များနှင့် နိုင်ငံ၏ ကျန်ဒေသများအား ကုန်းလမ်းဖြင့် ချိတ်ဆက်ပေးသည့် ပြည်နယ်တစ်ခု ဖြစ်သည်။ ULFA-I အဖွဲ့သည်လည်း အရှေ့မြောက်ပိုင်းဒေသတွင် အကြီးမားဆုံး ဆက်လက်ကျန်ရှိနေသည့် လက်နက်ကိုင်သူပုန်အဖွဲ့ဖြစ်သည်။

ULFA-I အဖွဲ့က အာသံဒေသအတွက် အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအစီအစဉ်သည် အခြား အနီးဝန်းကျင် ပြည်နယ်များသို့လည်း ရောက်ရှိလာပါလိမ့်မည်။ ဒေသ၏ နိမ့်ကျနေသည့် စီးပွားရေးကို ပြောင်းလဲစေနိုင်မည့် အိန္ဒိယ၏ Act East အစီအစဉ် အကောင်အထည် ဖော်ရေးကိုလည်း ပိုမို မြန်ဆန်၊ ထိရောက်လာစေလိမ့်မည်။

အာသံပြည်နယ်ဝန်ကြီးချုပ်သစ် ဟီမန်တာဘစ်ဆဝါဆာမာနှင့် လပေါင်းများစွာ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ULFA-I တပ်မှူးချုပ် ပါရက်ရှ်ဘာရူက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မေလ ၁၅ ရက်က ထုတ်ပြန် လိုက်သည်။ နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဆာမာသည် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ အားထားရသောသူတစ်ဦး ဖြစ်ပြီး ၎င်း၏ ကြိုးစားအောင်မြင်မှုများကြောင့် ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသူဖြစ်သည်။

အာသံဒေသတွင် လက်နက်ကိုင် တော်လှန်မှု ပြီးဆုံးရမည်ဟုလည်း ဆာမာက မျှော်လင့်ချက် ထားရှိခဲ့သည်။ ယင်းလုပ်ငန်းစဉ်အတွက် ပထမဦးစားပေးသည် ULFA-I ဖြစ်သည်။ ယင်းအဖွဲ့၏ ကဏ္ဍပြီးဆုံးရန် ဝန်ကြီးချုပ် မိုဒီက လိုလားခဲ့သည်။ ULFA-I အနေဖြင့် လက်နက်စွန့်လွှတ်ရန်နှင့် ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် ဆွေးနွေးရန် မိုဒီအစိုးရက ယခုနှစ် ဇန်နဝါရီလအတွင်း ထပ်မံတောင်းဆိုခဲ့သည်။

ULFA ၏ ယခင်ကပင် တောင်းဆိုနေခဲ့သည့် အာသံပြည်နယ် အချုပ်အခြာပိုင်ဆိုင်မှုအား မဆွေးနွေးပါက အိန္ဒိယအစိုးရနှင့် ဆွေးနွေးမည်မဟုတ်ကြောင်း ဘာရူက ထိုအချိန်တွင် ဆက်သွယ်ပြောဆိုလာသည်။

“အချုပ်အခြာနယ်မြေပိုင်ဆိုင်မှုကို ကျုပ်တို့ တောင်းဆိုနေပါတယ်။ ဒါဟာ ကျုပ်တို့လိုချင်တဲ့ အဓိက အချက်ပါ။ အစိုးရအနေနဲ့ ဒီကိစ္စကို ဆွေးနွေးခွင့်ပြုရပါမယ်။ကျုပ်တို့ လိုချင်တဲ့အချက်တွေကို တင်ပြမှာဖြစ်သလို အစိုးရကလည်း တင်ပြမှာပါ။ ကြေညာချက်စာတစ်ကြောင်းတည်းသာ ထုတ်လိုက်ပါ၊ ကျုပ်တို့ရဲ့ ဆွေးနွေးရေးအဖွဲ့ ရောက်လာပါလိမ့်မယ်။ ဒါဟာ အိနိ္ဒယအစိုးရနဲ့ ကျုပ်တို့ကြားက ပြဿနာပါ” ဟု၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly