စစ်ဖက်ဆိုင်ရာ မတော်တဆထိခိုက်မှုများနှင့် ပတ်သက်၍ တရုတ်က ဖုံးကွယ်မှုများရှိနေ

စစ်ဖက်ဆိုင်ရာ မတော်တဆထိခိုက်မှုများနှင့် ပတ်သက်၍ တရုတ်က ဖုံးကွယ်မှုများရှိနေ

တရုတ်အစိုးရက ယင်း၏ စစ်ဖက်ဆိုင်ရာ မတော်တဆမှုများနှင့် ပတ်သက်၍ ပွင့်လင်းစွာ ထုတ်ဖော်မှုမရှိကြောင်းနှင့် ၂၀ဝ၃ ခုနှစ် မေလ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ရေငုပ်သင်္ဘော Ming class 361 နစ်မြုပ်မှုကို စစ်ဖက်ကော်မရှင်နာနှင့် သမ္မတဟောင်း ကျန်ဇီမင်းက အသိအမှတ်ပြု လက်ခံခဲ့သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ထားကြသည်။ အဆိုပါ ဖြစ်စဉ်တွင် ရေတပ်သား ၇၀ သေဆုံးခဲ့ပြီး SARS ကပ်ရောဂါသတင်းပင် မှေးမိန်ခဲ့ရသည်။

စစ်ဖက်ဆိုင်ရာ မတော်တဆမှုများနှင့် ပတ်သက်၍ တရုတ်က မည်သည့်အခါကမှ ပွင့်လင်းမြင်သာမှုမရှိခဲ့ပေ။ ရေတပ်သားများ၏ စည်းကမ်း သို့မဟုတ် စက်ပိုင်းဆိုင်ရာ ယုံကြည်စိတ်ချရမှု ပျက်စီးပါက ရေငုပ်သင်္ဘောတစ်စင်းသည် ရေအောက်ခေါင်းတလားတစ်ခုဖြစ်သွားစေနိုင်သည်။

အဆင့်တန်းမြင့်ပြုပြင်ထိန်းသိမ်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရေတပ်သားများလေ့ကျင့်ခြင်းများက အသက်သေစေနိုင်သော အန္တရယ်ဆိုးများကို ရှောင်ရှားနိုင်သော်လည်း ယင်းစံချိန်စံညွှန်းများကို နိုင်ငံအများပြားက မတတ်နိုင်ပေ။ သို့သော် တရုတ်ပြည်သူ့တပ်မတော်ရေတပ်သည် ယင်း၏ တပ်ဖွဲ့များကို ပိုမိုသာလွန်သည့်နှုန်းဖြင့် ဆက်လက်တိုးချဲ့နေသဖြင့် မျှော်လင့်နိုင်ကြောင်း” National Interest တွင် စီဘာစတိန်းရော့ဘ်လင်က ရေးသားခဲ့သည်။

National Interest တွင် ဖော်ပြချက်အရ တရုတ်အစိုးရသည်စစ်ဖက်ဆိုင်ရာ မတော်တဆမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိကြောင်း ဥပမာအားဖြင့် တရုတ်က ဂျက်တိုက်လေယာဉ်ပျက်ကျမှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုရလဒ်များကို ထုတ်ပြန်ခြင်းမရှိဘဲ အစောပိုင်းကာလ ရေငုပ်သင်္ဘောမတော်တဆမှုများကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

သို့သော် Ming class 361 ရေငုပ်သင်္ဘောမတော်တဆမှုကို တရုတ်အစိုးရက ထုတ်ဖော်ပြောကြားခြင်းနှင့် ပတ်သက်ပြီး ဝေဖန်သုံးသပ်သူများက အံ့အားသင့်ခဲ့ရပြီး ယင်းသည် SARS ကပ်ရောဂါကို မှေးမှိန်အောင်ပြုရန်အတွက် ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်ဟုလည်း ခန့်မှန်းသုံးသပ်ထားသည်။

စစ်ကော်မဥက္ကဋ္ဌနှင့် သမ္မတဟောင်း ကျန်ဇီမင်းက ၂၀ဝ၃ ခုနှစ် မေလ ၂ ရက် ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်ကို အသိအမှတ်ပြုခဲ့ပြီး ထုတ်ပြန်ချက်တွင် တရုတ်ရေတပ်သားများ၏ အသက်များ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုကြောင်းပြောကြားခဲ့ပြီး သင်္ဘောနစ်မြှုပ်သည့် အကြောင်းရင်းကိုမူ “ စက်ချို့ယွင်းခြင်းကြောင့်” ဟုသာ မရေမရာပြောကြားခဲ့သည်။

တစ်လခန့်အကြာတွင် သူ၏ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုအရ မြောက်ပင်လယ်ရေယာဉ်စု၏ တပ်မှုးနှင့် အရာရှိကို ရာထူးမှ ဖယ်ရှားခဲ့ပြီး အခြားအရာရှိ ၆ဦး သို့မဟုတ် ၈ဦးအား “မလျော်ကန်သောအမိန့်ပေးမှုနှင့် ထိန်းချုပ်မှု” တို့ဖြင့် ရာထူးချထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly