ကယားပြည်နယ် ဒီးမော့ဆို တိုက်ပွဲအခြေအနေ ဆက်သွယ်မေးမြန်းချက်

21 May 2021
ကယားပြည်နယ် ဒီးမော့ဆို တိုက်ပွဲအခြေအနေ ဆက်သွယ်မေးမြန်းချက်

မဇ္ဈိမ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မေလ ၂၀ ရက်နေ့ ညနေပိုင်းက စတင်ပြီး ဒီကနေ့ အချိန်ထိ ဒီးမော့ဆိုမြို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။
မနေ့က (မေလ ၂၀ ရက်နေ့) နေ့လည်ပိုင်း ဒီးမော့ဆိုမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်က ဖြိုခွင်းဖို့ ကြိုးစားရာကနေ နှစ်ဘက်တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။
ဒီကနေ့ နေ့လည်ပိုင်းအထိ စစ်တပ်က ဒီးမော့ဆိုမြို့တွင်း လက်နက်ကြီးတွေနဲ့ အချက် နှစ်ဆယ်ကျော် ပစ်ခတ်တိုက်ခိုက်နေသလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ရရာလက်နက်ဆွဲကိုင်ပြီး ပြန်လည်ခုခံနေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုကို ခုခံကာကွယ်နေတဲ့ ဒီးမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရထားပြီး အကြမ်းဖက်စစ်တပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှု တွေရှိပေမယ့် အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့ခံ တစ်ထောင်ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly