ဟောင်ကောင်အစိုးရ ဆန့်ကျင်ရေးသမား၏ မီဒီယာကုမ္ပဏီ ရှယ်ယာအရောင်းအဝယ် ပိတ်ပင်ခံရ

ဟောင်ကောင်အစိုးရ ဆန့်ကျင်ရေးသမား၏ မီဒီယာကုမ္ပဏီ ရှယ်ယာအရောင်းအဝယ် ပိတ်ပင်ခံရ
Photo: EPA

ဟောင်ကောင်အစိုးရ ဆန့်ကျင်ရေးသမား ဂျင်မီလိုင်း၏ ပိုင်ဆိုင်မှုပစ္စည်းများကို အာဏာပိုင်များက သိမ်းဆည်းပြီးနောက် ၎င်း၏ မီဒီယာကုမ္ပဏီ Next Digital ၏ ရှယ်ယာအရောင်းအဝယ်ကို ဟောင်ကောင်စတော့ အိတ်ချိန်းက ပိတ်ပင်လိုက်သည်။

အစိုးရက လိုင်၏ ပိုင်ဆိုင်သည့်ပစ္စည်းများကို နိုင်ငံတော်လုံခြုံရေး ဥပဒေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သိမ်းယူခဲ့သည်။ ယင်းဥပဒေသည် အစိုးရဆန့်ကျင်ရေး လုပ်ရှားမှုများကို ဟန့်တားရန် တရုတ်အစိုးရက ယမန်နှစ်အတွင်း ပြဌာန်းခဲ့သည်။

၂၀၁၉ ခုနှစ်၊အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သည့် တရားမဝင်စုဝေးမှုတွင် ပါဝင်ခဲ့မှုဖြင့် အသက် ၇၃ နှစ်အရွယ် ရှိပြီဖြစ်သော မီဒီယာလုပ်ငန်းရှင်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ လိုင်အား အခြား တက်ကြွလှုပ်ရှား သူ ၉ ဦးနှင့်အတူ တရားရုံးတွင် အရေးယူခဲ့သည်။

ဒီမိုကရေစီအုပ်စု၏ Apple Daily သတင်းစာကို ထုတ်ဝေသည့် Next Digital သတင်းစာမှ တာဝန်ရှိသူများက ကုမ္ပဏီကို လအနည်းငယ် လည်ပတ်ရန် အရင်းနှီး ကျန်နေသေးကြောင်း ပြောကြားသည်။ ထိုင်ဝမ်ရှိ အဆိုပါသတင်းစာတိုက်ခွဲကို ကြော်ငြာမှ ဝင်ငွေကျဆင်းမှုနှင့် ဟောင်ကောင်တွင် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို လုပ်ဆောင်ရန် ခက်ခဲသောကြောင့် ပုံနှိပ်သတင်းစာအား ထုတ်ဝေမှု ရပ်နားတော့မည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကြေညာခဲ့သည်။

နိုင်ငံခြားနှင့် ဆက်သွယ်ပတ်သက်ကြောင်း သံသယရှိမှုဖြင့် လိုင်အား ဩဂုတ်လတွင် စတင်ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအကြာတွင် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်က Next Digital မီဒီယာကုမ္ပဏီ ရုံးချုပ်ကို ဝင်ရောက် စီးနင်းခဲ့သည်။

Next Digital ကုမ္ပဏီပိုင်ရှင်အား လိမ်လည်မှု ပုဒ်မများဖြင့် ဖမ်းဆီးခဲ့ရာတွင် ကုမ္ပဏီက ရုံးနေရာ ငှားရမ်းမှု၌ သတ်မှတ် ချက်များကို ချိုးဖောက်သည်ဟု အစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။

လိုင်အား ပြည်ပအဖွဲ့အစည်းများနှင့် ဆက်စပ်မှု၊ ပြည်ပပိတ်ဆို့အရေးယူမှုများတွင် ထောက်ခံအားပေးမှုတို့ဖြင့် ဆက်လက်အရေးယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required