လူမှုရေး မတည်ငြိမ်မှုဖြစ်မည်ကို စိုးရိမ်သဖြင့် တရုတ်အစိုးရက ကလေးမွေးဖွားမှုဆိုင်ရာ မူဝါဒကို ဖြေလျှော့ပေး ဖွယ်ရှိ

By Zee News
20 May 2021
လူမှုရေး မတည်ငြိမ်မှုဖြစ်မည်ကို စိုးရိမ်သဖြင့် တရုတ်အစိုးရက ကလေးမွေးဖွားမှုဆိုင်ရာ မူဝါဒကို ဖြေလျှော့ပေး ဖွယ်ရှိ

ပေကျင်း

နိုင်ငံတွင်း ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်းနှင့် သက်ကြီးရွယ်အိုအရေအတွက်များပြားလာသည့် ပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် နောက်ဆုံး ကောက်ယူထားသည့် သန်းကောင်စာရင်းများက ဖော်ပြနေသောကြောင့် တရုတ်အစိုးရအနေဖြင့် နိုင်ငံတွင်း လူမှုရေးမတည်ငြိမ်မှု ပြဿနာမဖြစ်ပွားလာစေရန် ကလေးမွေးဖွားမှုဆိုင်ရာ မူဝါဒများကို သတိကြီးစွာ ဖြေလျှော့ပေးနိုင်ရန် လုပ်ဆောင်မည်ဖြစ်သည်။

မွေးဖွားမှုနှုန်းကျဆင်းလာခြင်း၊ သက်ကြီးရွယ်အိုအရေအတွက် မြင့်မားလာခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ လူဦးရေးတိုးတက်မှုနှုန်းသည် ၁၉၅၀ ပြည့်နှစ် ဝန်းကျင်နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိလာကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ပြန်လိုက်သည့် ၂၀၂၀ ပြည့်နှစ် လူဦးရေ သန်းကောင်စာရင်း၌ ထွက်ပေါ်လာပြီးနောက် ကလေးမွေးဖွားမှုဆိုင်ရာ မူဝါဒကို ပြုပြင်ရန် လိုလားလျှက် ရှိကြသည်။

၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ အမျိုးသမီးတစ်ဦးလျှင် ကလေး ၁ ဒသမ ၃ ဦး မွေးဖွားသဖြင့် ဂျပန်နှင့် အီတလီနိုင်ငံတို့ရှိ သက်ကြီးရွယ်အို အရေအတွက်နှင့် တူညီသောကြောင့် တရုတ်နိုင်ငံအတွက် အခက်အခဲ ဖြစ်ပေါ်စေသည်။

အစိုးရ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ကလေးမွေးဖွားသည့် ထိန်းချုပ်မှုများကို ဖယ်ရှားပေးခြင်းထက် လင်မယားစုံတွဲများ၏ ငွေကြေးဝန်ထုပ်ဝန်ပိုးများ လျှော့ချပေးခြင်းဖြင့် ကလေးမွေးဖွားရန် တွန်းအားပေးသည့် ပိုမိုထိရောက်သည့် နည်းလမ်းများ အပါအဝင် လူဦးရေကျဆင်းသည့် စိန်ခေါ်မှုများအား ဖြေရှင်းရန် ကျယ်ပြန့်သည့် အစီအစဉ်များကို ဆောင်ရွက်လျှက်ရှိသည်။

အငြိမ်းစားယူရမည့် အသက်အရွယ်ကို အစိုးရက တစ်ဖြည်းဖြည်း တိုးမြှင့်မည်ဆိုသည့် အစီအစဉ်သည်လည်း လုပ်သား အင်အား ကျဆင်းလာခြင်းကိုလည်း လျော့ကျသွားစေမည်ဖြစ်သလို ရန်ပုံငွေလျော့နည်းနေသည့် ပင်စင် စနစ်ကိုလည်း ဖိအားများ လျော့နည်းစေမည်ဟု သတင်းရင်းမြစ်များက ပြောသည်။

တရုတ်အစိုးရက ‘တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးမွေးဖွားရေး’ အတွက် အငြင်းပွားဖွယ်ရာ မူဝါဒကို ၁၉၇၀ ပြည့်နှစ် ဝန်းကျင်တွင် ပြဌာန်းခဲ့ခြင်းဖြင့် နိုင်ငံတွင် မြင့်တက်နေသည့် သက်ကြီးရွယ်အို အရေအတွက်ကို မျှတစေရန် ကလေးနှစ်ဦးအထိ ယူခွင့်ပြုရန် ၂၀၁၆ ခုနှစ်တွင် ဖြေလျှော့ပေးခဲ့သော်လည်း မွေးဖွားမှုနှုန်း ကျဆင်းသွားခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။

ကလေးများပိုမိုမွေးကြရန် လက်ရှိ မူဝါဒအရ အစိုးရအနေဖြင့် တိုက်တွန်းသွားနိုင်ပြီး နောက် ၃ နှစ်မှ ၅ နှစ်အတွင်း ကလေးမွေးဖွားခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားသွားဖွယ်ရှိသည်ဟု သတင်းရင်းမြစ်များက ပြောကြားသည်။

ကလေးမွေးဖွားမှု ကန့်သတ်ချက်များ ဖယ်ရှားသည့်အခါတွင်လည်း မျှော်မှန်းမထားသည့် နောက်ဆက်တွဲများ ရှိနေသည်။ ကုန်ကျစရိတ် မြင့်မားသောကြောင့် မြို့ကြီးများတွင် နေထိုင်သူများအနေဖြင့် ကလေးလိုချင်လိမ့်မည် မဟုတ်သော်လည်း ကျေးလက်နေ လူဦးရေပိုမိုများပြားကာ ဆင်းရဲမွဲတေမှုနျင့် အလုပ်အကိုင်ရရှိမှုအတွက် ဖိအားများလည်း ရှိလာနိုင်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

“မူဝါဒကို ပယ်ဖျက်ပေးလိုက်ရင် ကျေးလက်က လူတွေဟာ မြို့ပြက လူတွေထက် ကလေးပိုမွေးကြမှာဖြစ်ပြီး အခြားပြဿနာတွေလည်း ရှိလာနိုင်ပါတယ်” ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

နို်ငငံအတွင်း အလုပ်လုပ်နိုင်သူအရေအတွက် ကျဆင်းလာသော်လည်း တစ်နှစ်လျှင် အလုပ်အကိုင်အခွင့်အလမ်း ၁၀ သန်းထက်မနည်း ဖန်တီးပေးနိုင်ရန် အစိုးရက ရည်မှန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required