အိန္ဒိယစစ်တပ်က ဂျမူးနှင့် ကက်ရှ်မီးယား ရှေ့တန်းစခန်းတွင် ကော်ဖီဆိုင် ဖွင့်လှစ်

By Zee News
20 May 2021
အိန္ဒိယစစ်တပ်က ဂျမူးနှင့် ကက်ရှ်မီးယား ရှေ့တန်းစခန်းတွင် ကော်ဖီဆိုင် ဖွင့်လှစ်

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားမြောက်ပိုင်း ယူရီမြို့၏ ထိန်းချုပ်မျဉ်းတွင် ကော်ဖီတစ်ခွက်သောက်ခြင်းသည် ၂၀၂၀ ပြည့်နှစ်အထိ မဖြစ်နိုင်ဟု ထင်ရလိမ့်မည်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပြီးတွင် အခြေအနေများစွာ တိုးတက်လာခဲ့သည်။

အိန္ဒိယစစ်တပ်က နောက်ဆုံးရှေ့တန်းစခန်းဖြစ်သော ကာမန်အေမန်စီသူတွင် ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်လှစ် ခဲ့သည်။ ယင်းကော်ဖီဆိုင်သည် ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေမှ လူများနှင့် တစ်နိုင်ငံလုံးမှ လူများကို လက်ခံလိမ့်မည်ဖြစ်သည်။

“ဂျမူးနှင့် ကက်ရှ်မီးယားက ကာမန်ရှေ့တန်းစခန်းကို လာတဲ့သူတိုင်း စိတ်ဓာတ်အင်အားဖြစ်စေဖို့အတွက် ကော်ဖီဆိုင်ကို ကျွန်တော်တို့ ဖွင့်လှစ် လိုက်ပါတယ်”

“တံတားမှာ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်ပြီးနောက်မှာ လူတွေက လာပြီး မုန့်စားလို့ရပါတယ်။ သူတို့နဲ့အတူ အိမ်ကို အမှတ်တရလက်ဆောင်ပစ္စည်းတွေ ပြန်သယ်သွားနိုင်ပါတယ်။”

“ပြီးတော့ ထိန်းချုပ်မျဉ်းမှာ တလူလူလွှင့်နေတဲ့ ပေ ၆၀ မြင့်တဲ့ အလံက ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ် "ဟု အိန္ဒိယစစ်တပ်မှ ဗိုလ်မှူး ဗစ်ရှယ်ဒေ့ဗ်က ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် ထိန်းချုပ်မျဉ်းအနီးနားတွင် နေထိုင်သောသူများသည် စိုးရိမ်စိတ်များ လျော့ပါးခဲ့သည်။

အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုများလုံးဝမရှိတော့သလို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အကာအကွယ်များအောက်တွင် ခိုလှုံရသူများသည် ယခုအခါ ပုံမှန်အခြေအနေဖြင့် နေထိုင်နေရပြီဖြစ်သည်။

သဘောတူညီမှုရရှိခဲ့သည့်အတွက် နှစ်နိုင်ငံစလုံးကို ၎င်းတို့က ကျေးဇူးတင်ကြသည်။ ယင်းကော်ဖီဆိုင်သည် စစ်တပ်နှင့် ဒေသခံများအကြားကွာဟချက်ကို ပြေလည်အောင် လုပ်ပေးနိုင်လိမ့်မည်ဟု သူတို့က ယုံကြည်နေကြသည်။

နယ်စပ်ဒေသများသို့ ငြိမ်းချမ်းရေးပြန်လည်ရောက်ရှိလာသောအခါ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပြန်လည်စတင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြပြီး နယ်စပ်ရှိ နှစ်ဖက်စလုံးမှ မကြာမီ အပြန်အလှန်လည်ပတ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly