တိဘက်ပန်ချန်လားမား ပျောက်ဆုံးသည့်နေ့ အထိမ်းအမှတ် လန်ဒန်ရှိ တရုတ်သံရုံးအနီးတွင် ဆန္ဒပြ

တိဘက်ပန်ချန်လားမား ပျောက်ဆုံးသည့်နေ့ အထိမ်းအမှတ် လန်ဒန်ရှိ တရုတ်သံရုံးအနီးတွင် ဆန္ဒပြ

တိဘက်ဗုဒ္ဓဘာသာ၏ ၁၁ ယောက်မြောက် ပန်ချန်လားမား ဖိအားပေးမှုများကြောင့် ပျောက်ဆုံးခဲ့သည့် ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့အထမ်းအမှတ်အဖြစ် လန်ဒန်မြို့ရှိ တရုတ်သံရုံးအပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။

မေလ ၁၇ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲကို NGO များဖြစ်သော ဗြိတိန်တိဘက်အသိုင်းအဝိုင်း နှင့် လွတ်လပ်သောတိဘက် မှ စီစဉ်ခဲ့သည်။

ဆန္ဒပြစဉ်အတွင်း“ပန်ချန်လားမား ပြန်လွှတ်ပေး”၊ “ တိဘက်မှ တရုတ်ထွက်သွား”၊ “ တိဘက် လွတ်လပ်ပါစေ” နှင့်“ ဒလိုင်းလားမား သက်တော်ရာကျော်ရှည်ပါစေ” စသည့် ကြွေးကြော်သံများကို တိဘက်များနှင့် ဗြိတိန်နိုင်ငံသားထောက်ခံသူများက နာရီပေါင်းများစွာ ကြွေးကြော်ခဲ့ကြသည်။

ကိုဗစ်-၁၉ ဆိုင်ရာ လူစုလူဝေး ကန့်သတ်ချက်များနှင့် ဗြိတိန်ရာသီဥတုဆိုးရွားမှုများရှိနေသော်လည်း ဆန္ဒပြပွဲတွင် လူ ၄၀ ကျော်သာ ပါဝင်ခဲ့သည်။

လွန်ခဲ့သော ၂၆ နှစ်တာကာလအတွင်း တိဘက်ဗုဒ္ဓဘာသာဝင်များက သူတို့၏ ဘာသာရေး ခေါင်းဆောင်ဖြစ်သော ၁၁ ယောက်မြောက် ပန်ချန်လားမား ဂက်ဟန်ချိုကြည်နီမာ ကို တွေ့မြင်ရန် စောင့်မျှော်ခဲ့ကြသည်။

၁၉၈၉ ခုနှစ် ဧပြီလ ၂၅ ရက်တွင်မွေးဖွားခဲ့သော ဂက်ဟန်ချိုကြည်နီမာသည် ၁၀ ယောက်မြောက် ပန်ချန်လားမား အဖြစ် တင်မြှောက်ခံခဲ့ရပြီး တိဘက်ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ၁၉၉၅ ခုနှစ် မေလ ၁၄ရက် တွင် ဒလိုင်းလားမား၏ အသိအမှတ်ပြုခံခဲ့ရသည်။

၁၉၉၅ ခုနှစ် မေလ ၁၇ ရက်ဖြစ်သည့် ၎င်းအားလူသိရှင်ကြားအသိအမှတ်ပြုသည့် ရက်ပိုင်းအတွင်း ၆ နှစ်အရွယ် ဂက်ဟန်ချိုကြည်နီမာသည် ၎င်း၏ မိဘများ၊ တာရှီလန်ပိုဘုန်းတော်ကြီးကျောင်း၏ အကြီးအကဲ ဂျာဒယ်ရင်ပိုချီ တို့နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

ပန်ချန်လားမားအသစ် ရှာဖွေရေးကော်မတီ၏ တာဝန်ခံအဖြစ် တရုတ်အာဏာပိုင်များက ဂျာဒယ်ရင်ပိုချီ ကို ခန့်အပ်ထားသည်။

၂၆ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တိဘက်နှင့် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် လူနည်းစုများအတွက် ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့(GATPM) က “ တရုတ် - လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်” ဟု ခေါင်းစဉ်တပ်ထားသော အထူးအွန်လိုင်းဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly