ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေချိန်တွင် ထိုင်ဝမ်သို့ ကာကွယ်ဆေးများ ထပ်မံရောက်ရှိမည်

ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေချိန်တွင် ထိုင်ဝမ်သို့ ကာကွယ်ဆေးများ ထပ်မံရောက်ရှိမည်
Photo: EPA

ထိုင်ဝမ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာပြီး အစိုးရအနေဖြင့် ကာကွယ်ဆေး ထောက်ပံ့မှုများအတွက် အခက်ကြုံတွေကာ အကန့်အသတ်ဖြင့်သာ ထောက်ပံ့ပေးနေရသောကြောင့် ကာကွယ်ဆေးများ ထပ်မံရောက်ရှိရန်ရှိကြောင်း GAVI Vaccine Alliance က မေလ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု အောင်မြင်အောင် ထိန်းချုပ်နိုင်ခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် ပါဝင်သည့် ထိုင်ဝမ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်များပြားလာခြင်းကြောင့် ယင်း၏ ကာကွယ်ဆေး ဆေးပမာဏ သုံးသိန်းသည် အလျင်အမြန်ကုန်သွားပြီး ၂၃ သန်းသော လူဦးရေ၏ ၁ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးရသေးသည်။

ထိုင်ဝမ်သည် ကူးစက်ရောဂါကို မည်သို့ထိန်းချုပ်ရမည်နှင့် ပတ်သက်ပြီး စံနမူနာပြခဲ့သော်လည်း ပြီးခဲ့သည့် သတင်းပတ်က စုစုပေါင်းကူးစက်မှုပေါင်း ၂,ဝ၁၇ ခုအနက် ပြည်တွင်းကူးစက်မှု ၇၀ဝ ကျော်ရှိခဲ့သဖြင့် အစိုးရက ထိန်းချုပ်မှုကို တင်းကျပ်လိုက်သောကြောင့် စူပါမားကက်များတွင် လူအများအပြား ဈေးဝယ်ယူခဲ့ကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အတူ GAVI Vaccine Alliance သည် COVAX အစီအစဉ်ကို အတူတကွအကောင်အထည်ဖော်နေပြီး ယင်းအစီအစဉ်အရ ကာကွယ်ဆေးရရှိရန်အခက်အခဲရှိနိုင်သည့် နိုင်ငံများသို့ဆေးဝါးများထောက်ပံ့ပေးမည်ဖြစ်ကာ AstraZeneca ကာကွယ်ဆေးကို ထိုင်ဝမ်သို့ ပိုဆောင်ပေးနေသည် ဟု GAVI Vaccine Alliance က ဆိုသည်။

ထိုင်ဝမ်သည် ဇွန်လကုန် နောက်ဆုံးထားပြီး ဆေးများကို ရရှိမည်ဟု COVAX အစီအစဉ်အရ မျှော်လင့်ကြောင်း GAVI Vaccine Alliance အဖွဲ့က Reuters သို့ ပေးသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဒီရည်မှန်းချက်အရ ဖေဖော်ဝါရီနဲ့ ဇွန်လကြားမှာ AstraZeneca COVID-19 ကာကွယ်ဆေး ၇၆ သန်းကို နိုင်ငံပေါင်း ၈၀ ကို တင်ပို့ဖို့ ကျန်ရှိနေပါသေးတယ်။ နောက်တစ်ကြိမ် တင်ပို့မှုမှာ ထိုင်ဝမ်ကို ကာကွယ်ဆေးထပ်မံပေးပို့နိုင်မယ်လို့ မျှော်လင့်ရပါတယ်" ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကမ္ဘာတစ်ဝှမ်းဆေးပြတ်လပ်မှုကြောင့် ကာကွယ်ဆေးထောက်ပံ့မှုများကိုလျှော့ချနေသော်လည်း ထိုင်ဝမ်က ကာကွယ်ဆေး သန်း ၂၀ မှာယူထားပြီး အများအားဖြင့် AstraZeneca Plc (AZN.L) နှင့် ModernaInc (MRNA.O) ကာကွယ်ဆေးများဖြစ်သည်။

COVAX အစီအစဉ်အရ ထိုင်ဝမ်က AstraZeneca ကာကွယ်ဆေး ၁ သန်းကျော်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဇွန်လကုန်တွင် COVID-19 ကာကွယ်ဆေးထိုးအနည်းဆုံးသန်း ၂၀ ကို အခြားနိုင်ငံများသို့ ပေးပို့လိမ့်မည်ဟု မေလ ၁၇ရက်က ပြောကြားခဲ့ပြီး ယင်းပြောကြားချက်က ပထမဆုံးအကြိမ် အမေရိကန်က ပြည်တွင်း၌ အသုံးပြုမည့် ကာကွယ်ဆေးများကို ဝေမျှခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly